Powered by Blogger.

မတ်လ (၁) ရက်နေ့မှာ ထွက်ရှိတော့မယ့် ကမ္ဘာ့ပထမဦးဆုံး RAM 6GB ပါ Vivo XPlay 5 ဖုန်း



အချိန်အတော်ကြာ ကောလဟာလတွေထွက်ပေါ်နေခဲ့တဲ့ Vivo XPlay 5 ဖုန်းဟာ မတ်လ (၁) ရက်နေ့မှာ တကယ်ထွက်လာတော့မှာဖြစ်ပါတယ်။

ပထမတုန်းက Snapdragon 810 ပရိုဆက်ဆာပါဝင်လာမယ်လို့ သတင်းတွေထွက်ခဲ့တဲ့ Xplay 5 ဖုန်းဟာ ယခုအခါ 810 ပရိုဆက်ဆာထက် အဆင့်မြင်တဲ့ နောက်ဆုံးပေါ် 820 ပရိုဆက်ဆာ ပါဝင်လာမှာဖြစ်ပါတယ်။ ဒီ့အပြင် RAM က 6GB အထိပါလာမှာဖြစ်ပြီး၊ ကမ္ဘာ့ပထမဆုံး RAM 6GB ပါတဲ့ စမတ်ဖုန်းအဖြစ် မှတ်တမ်းတင် နိုင်မှာဖြစ်ပါတယ်။

RAM 6GB နဲ့ Snapdragon 820 ပရိုဆက်ဆာပါမယ်ဆိုတဲ့သတင်းကို Vivo ကုမ္ပဏီကိုယ်တိုင်က အတည်ပြုပေးခဲ့ပြီး၊ မတ်လ (၁) ရက်နေ့မှာ တရားဝင်မိတ်ဆက်ဖြန့်ချိသွားမှာဖြစ်တယ်လို့ သိရပါတယ်။

မကြာသေးမီက ထပ်မံထွက်ရှိလာတဲ့ ဓာတ်ပုံတစ်ပုံအရ၊ Vivo Xplay 5 ဖုန်းဟာ ဒီဇိုင်းပိုင်းမှာလည်း အကြီးအကျယ်ပြောင်းလဲထားပြီး၊ ဖုန်းမျက်နှာပြင်အစွန်းနှစ်ဖက်ဟာ အကွေးပုံစံနဲ့ ဖြစ်လာတာကို တွေ့ရပါတယ်။

ဖုန်းမျက်နှာပြင်က ၅.၅ လက်မရှိပြီး ရုပ်ထွက်အရည်အသွေးက 2560x1440 pixels တောင် ရှိမှာဖြစ်ပါတယ်။ ကင်မရာပိုင်းအနေနဲ့ 16 MP ကျောကင်မရာနဲ့ 8 MP ရှေ့ကင်မရာတို့ ပါဝင်လာမှာဖြစ်တယ်လို့ သိရပါတယ်။

လတ်တလောမှာတော့၊ ဒီဖုန်းကို မတ်လ (၁) ရက်နေ့မှာ ဖြန့်သွားမယ်လို့ပဲ သိရသေးပြီး၊ ဈေးနှုန်းကိုတော့ အတိအကျမသိရသေးပါဘူး။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : GSM Arena



Ref: GSM Arena


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment