Gmail ကို လစဉ်ပုံမှန်သုံးစွဲနေသူ တစ်ဘီလျံအထိရှိလာ
Alphabet လုပ်ငန်းစုရဲ့ စုံညီအစည်းအဝေးမှာဆိုရင်တော့ Google ရဲ့ CEO ဖြစ်တဲ့ Sundar Pichai က Gmail ကို ပုံမှန်သုံးစွဲနေသူဟာ တစ်ဘီလျံအထိ ရောက်ရှိလာပြီဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။Facebook ဟာဆိုရင်တော့ သူတို့ပိုင်ဆိုင်တဲ့ WhatsApp ဟာ သုံးစွဲသူတစ်ဘီလျံရှိနေပြီဆိုတာ ကြေညာပြီးနောက်မှာပဲ Google ကလည်း အခုလို အားကျမခံကြေညာလိုက်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ မေလတုန်းကတော့ Gmail ကို ပုံမှန်သုံးစွဲနေတဲ့ အရေအတွက်ဟာ သန်း ၉၀၀ အထိ အမြင့်ဆုံးရောက်ရှိခဲ့ပြီး အခုအချိန်မှာတော့ အရေအတွက်ဟာ တစ်ဘီလျံလောက်ရှိလာခဲ့တာပါ။
၂၀၀၄ ခုနှစ်ကနေစတင်ပြီးတော့ Beta ဗားရှင်း(အစမ်းသုံးဗားရှင်း)နဲ့ မိတ်ဆက်ခဲ့တဲ့ Gmail ဟာဆိုရင်တော့ ယခုကာလမှာ တစ်ကိုယ်ရေ အသုံးပြုသူတွေ ၊ လုပ်ငန်းပိုင်းဆိုင်ရာအီးမေးလ်တွေနဲ့ အခြားသော ဝန်ဆောင်မှုမေးလ်တွေကို ဖြန့်ဝေပေးနေတဲ့ ကြီးမားတဲ့ အီးမေးလ်ဝန်ဆောင်မှုဖြစ်လာခဲ့ပါပြီ။ သူတို့ဟာ ၂၀၀၉ ခုနှစ်အရောက်မှာတော့ beta ဗားရှင်းကို ရုတ်သိမ်းခဲ့ပြီး သုံးစွဲသူတွေကို ဝန်ဆောင်မှုပေးနေတဲ့ Gmail ကို စတင်ခဲ့ပါတယ်။
အခုအချိန်မှာတော့ Gmail ဟာ ထုတ်ကုန်ပစ္စည်းတွေရဲ့ ကြော်ငြာပရိုမိုးရှင်းတွေ ၊ ရောင်းချမှုတွေနဲ့ တစ်ခြားကုန်စည်ဝန်ဆောင်မှုတွေကိုလည်း လက်ခံဆောင်ရွက်ပေးနေပါတယ်။ သူတို့ရဲ့ အီးမေးလ်စာမျက်နှာတွေကလည်း သုံးစွဲသူတွေနဲ့ မျက်စိပသာဒဖြစ်နေပြီးတော့ ဒီဇိုင်းပုံစံတွေကလည်း ဆွဲဆောင်မှုရှိနေတာကြောင့် အခုလို အောင်မြင်လာတာဖြစ်တယ်လို့လည်း ထောက်ပြကြပါတယ်။
Gmail ဟာဆိုရင်တော့ Google Search, Android, Chrome, YouTube, Google Play နဲ့ Google Maps စတဲ့ အခြားဝန်ဆောင်မှုတွေ ၊ Facebook လို လူမှုကွန်ရက်စာမျက်နှာတွေနဲ့လည်း ချိတ်ဆက်ထားသေးပြီး အဓိကပြိုင်ဘက်တွေဖြစ်တဲ့ Microsoft ရဲ့ Outlook နဲ့ Yahoo ရဲ့ Yahoo Mail ဝန်ဆောင်မှုတွေကို အပြတ်အသတ် ကျော်တက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
( Paing A K )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : Gadgets
0 comments:
Post a Comment