Powered by Blogger.

Opera က လုပ်ဆောင်ချက်အသစ်တွေ ထည့်သွင်းထားတဲ့ ဗားရှင်းသစ်ကို မိတ်ဆက်



Opera browser ဟာ အခုအချိန်မှာတော့ တစ်ခြား browser တွေထက် သုံးစွဲမှုပိုမိုနည်းပါးသွားခဲ့ပေမယ့်လည်း သူတို့ရဲ့ browser ကို အမာခံအသုံးပြုသူတွေအတွက်တော့ လုပ်ဆောင်ချက်အသစ်တွေပါဝင်လာတဲ့ browser ဗားရှင်း 35 ကို မိတ်ဆက်လိုက်ပါတယ်။ ဒီ Opera ဗားရှင်းအသစ်ကိုတော့ ကွန်ပျူတာတွေအတွက်သာ ထုတ်လုပ်ခဲ့တာဖြစ်ပြီး ပိုကောင်းလာတဲ့ ဒီဇိုင်းတွေက သုံးစွဲသူကို စိတ်ကျေနပ်စေနိုင်မှာ ဖြစ်ပါတယ်။

ဒီဗားရှင်းအသစ်မှာဆိုရင်တော့ သင်ဟာ မိမိအသံမထွက်စေချင်တဲ့ tab ကို သွားရောက်ပိတ်ထားနိုင်မှာဖြစ်ပြီး  tab ပေါ်မှာ ညာဘက်ကလစ်နှိပ်တာနဲ့  Mute Tab ဆိုတဲ့ လုပ်ဆောင်ချက်ကို ထပ်တိုးပါဝင်လာခဲ့တာကို တွေ့မြင်ရမှာဖြစ်ပါတယ်။






ဒါ့အပြင် ဒီဗားရှင်းသစ်မှာ သင်ဒေါင်းလုဒ်ဆွဲယူထားတဲ့ ဖိုင်တွေကိုလည်း အခြား browser တွေလို တစ်ပြန့်တစ်ကျဲမြင်နေရတော့မှာ မဟုတ်ဘဲ သင့်ဒေါင်းလုဒ်ဆွဲတဲ့ ဖိုင်အမျိုးအစားတွေကို ခွဲခြားပြီး သိမ်းသွားပေးမှာပါ။ PDF, documents, images, music နဲ့ video ဆိုပြီးတော့ သင့်ရဲ့ ဒေါင်းလုဒ်ဖိုင်တွေကို သိမ်းဆည်းပေးထားမှာ ဖြစ်ပါတယ်။


သင့်ရဲ့ ဒေါင်းလုဒ်ပြုလုပ်ထားတဲ့ ဖိုင်ဟာ အပြည့်အစုံဒေါင်းပြီးသွားရင်လည်း Browser က သင့်ကို notifiacation အနေနဲ့ ပြသမှာပါ။ ဒီဗားရှင်းမှာတော့ browser ရဲ့ setting ထဲကနေပြီး theme တွေကို ပြောင်းလဲတာတွေနဲ့ တစ်ခြားလုပ်ဆောင်ချက်တွေကို browser မှာထပ်မံ ထည့်သွင်းတာတွေကိုလည်း လုပ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။


( Paing A K )


#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment