တွစ်တာက ISIS နဲ့ ချိတ်ဆက်နေတဲ့ အကောင့်ပေါင်း ၁၂၅၀၀၀ ကို ဖျက်ဆီး
တွစ်တာကတော့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ISIS တွေနဲ့ ဆက်စပ်လျက်ရှိနေတဲ့ အကောင့်ပေါင်း ၁၂၅၀၀၀ ကို ပိတ်လိုက်တယ်လို့ သိရပါတယ်။ ISIS အဖွဲ့နဲ့ ဆက်စပ်လျက်ရှိတဲ့ အကြောင်းအရာတွေ ရှိနေတဲ့ အကောင့်တွေကို တွစ်တာက သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရှင်းလင်းလိုက်တာဖြစ်ပါတယ်။ ဒီအကောင့်တွေဟာ ပြီးခဲ့တဲ့ ၂၀၁၅ နှစ်လယ်အတွင်းမှာ ISIS တို့ရဲ့ ပြုလုပ်မယ့် လုပ်ငန်းစဉ်တွေကို အသုံးပြုသူတွေဆီကို ခြိမ်းခြောက်တာ ၊ လုပ်ငန်းတွေကို အားပေးတာတွေကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီလုပ်ဆောင်ချက်ဟာ အစိုးရရဲ့ ဖိအားပေးမှုကြောင့် ပြုလုပ်ရတာဖြစ်တယ်လို့ ထင်ရပေမယ့် တွစ်တာကတော့ တရားဝင်ထုတ်ဖော် ပြောကြားထားခြင်းတော့ မရှိပါဘူး။ " ကျွန်တော်တို့ဟာ ကမ္ဘာတစ်ဝှမ်းကလူတွေလိုပဲ အစွန်းရောက်အဖွဲ့တွေရဲ့ လူမဆန်တဲ့ အကြမ်းဖက်မှုတွေကို ကြောက်ရွံ့ပါတယ် " လို့ တွစ်တာကတော့ တရားဝင်ကြေညာထားပါတယ်။
" ကျွန်တော်တို့ရဲ့ တွစ်တာဟာဆိုရင်တော့ အကြမ်းဖက်လုပ်ရပ်တွေကို အားပေးဖို့ မဟုတ်ပဲ၊ ကျွန်တော်တို့ရဲ့ စည်းမျဉ်းတွေအတိုင်း ဒီလုပ်ရပ်တွေကိုလည်း လက်ခံသွားမှာ မဟုတ်ပါဘူး " လို့ ကြေညာထားတာကိုလည်း ထပ်တွေ့ရပါတယ်။
ဒီလိုထုတ်ပြန်လိုက်တာဟာဆိုရင်တော့ အမေရိကန်အစိုးရနဲ့ အခြားအစိုးရတွေက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရှိနေတဲ့ အကြမ်းဖက်လုပ်ရပ်အားပေးမှုတွေကို ဖျက်ဆီးဖို့ ညွှန်ကြားပြီး နောက်ပိုင်းမှာ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ တွစ်တာကတော့ သူတို့မှာ ဒီလိုလုပ်ရပ်တွေကို အားမပေးတာဟာ ရှိပြီးသားစည်းမျဉ်းတစ်ခုဖြစ်ပြီးတော့ အခုနောက်ပိုင်းမှာမှာ အခုလိုလုပ်ရပ်တွေရှိနေတဲ့ အကောင့်တွေကို ဝန်ထမ်းတွေကို ဖြုတ်သိမ်းခိုင်းခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
ဒီလိုဖြုတ်သိမ်းခဲ့ပေမယ့်လည်း ဒီလို အကြမ်းဖက်လုပ်ရပ်အားပေးအကောင့်တွေ ထပ်ပြီး ထွက်ပေါ်မလာဖို့ကိုတော့ တွစ်တာက နည်းပညာပိုင်းကျကျ မလုပ်ဆောင်နိုင်သေးဘူးလို့လည်း သိရပါတယ်။
( Paing A K )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : Gadgets
0 comments:
Post a Comment