တရုတ်နိုင်ငံမှာတော့ သူတို့ရဲ့ “မျောက်နှစ်” ကို ကြိုဆိုတဲ့အနေနဲ့ အမျိုးမျိုးသော အကအလှတွေ ၊ အခမ်းအနားတွေနဲ့ ကြိုဆိုနေကြပါတယ်။ အခုဆိုရင်တော့ တစ်မူထူးခြားစွာနဲ့ပဲ အကကောင်းတဲ့ စက်ရုပ်တွေနဲ့ တရုတ်နှစ်သစ်ကူးကို အကောင်းဆုံး ကြိုဆိုလိုက်ပါတယ်။
ဒီလို ကြိုဆိုတဲ့ အစီအစဉ်ကိုတော့ CCTV က ထုတ်လုပ်သူတွေက စီစဉ်ခဲ့တာဖြစ်ပြီး စက်ရုပ် ၅၄၀ ၊ ဒရုန်းပေါင်း ၂၉ ခုကို အလုပ်ပေးထားခဲ့ပါတယ်။ စက်ရုပ်တွေ ကပြဖျော်ဖြေနေတာဟာ ညီညာလွန်းပြီး မျက်စိပသာဒရှိလှတာကြောင့် အခုလို ကြိုဆိုမှုဟာဆိုရင်တော့ အထူးခြားဆုံး ကြိုဆိုမှုတစ်ရပ်ဖြစ်သွားခဲ့ပါတယ်။
ကွမ်ကျိုးမြို့ရဲ့ အလှကို နောက်ခံထားပြီး လေဆာမီးရောင်တွေကြားထဲမှာ စက်ရုပ် ၅၄၀ ဟာဆိုရင်တော့ Sun Nan ရဲ့ တေးသွားနဲ့ တစ်ညီတစ်ညာတည်း ကပြခဲ့ကြပြီး ဒရုန်းတွေက ကောင်းကင်ပေါ်ကနေ မီးရောင်စုံနဲ့ ပျံဝဲနေခဲ့ကြပါတယ်။
စက်ရုပ်တွေဟာဆိုရင်တော့ ကကွက်ပေါင်း ၁၂ ကွက်ကို ကပြဖျော်ဖြေခဲ့ကြပြီး တီးလုံးသံနဲ့ စည်းချက်ညီညီလှုပ်ရှားမှုတွေကို လူအများက နှစ်ခြိုက်ခဲ့ကြပါတယ်။
ဒီဗီဒီယိုကိုတော့ အောက်မှာ ကြည့်ရှုနိုင်ပါတယ်။
( Paing A K )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : Mashable
0 comments:
Post a Comment