Powered by Blogger.

Like button အစား ခံစားချက်တွေပြသနိုင်တဲ့ emoji တွေကို Facebook မိတ်ဆက်


ပြီးခဲ့တဲ့နှစ်တည်းက ဒီအစီအစဉ်ကို မိတ်ဆက်ဖို့အတွက် Facebook က စတင်ကြိုးစားခဲ့ပြီး အခုအချိန်မှာတော့ Like အပြင် တစ်ခြား အကြောင်းအရာတွေကိုပါ ပြသနိုင်မယ့် reaction လို့အမည်ပေးထားတဲ့ emoji တွေကိုပါ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ Like , Love , Haha , Wow , Sad , Angry စတဲ့ emoji ခြောက်ခုကို ထပ်တိုးသုံးစွဲနိုင်တော့မှာဖြစ်ပြီး သုံးစွဲသူတွေ စိတ်ကျေနပ်နိုင်မယ်လို့ Facebook က ကြေညာပါတယ်။

မိုဘိုင်းဖုန်းနဲ့ Facebook အသုံးပြုသူတွေဟာဆိုရင်တော့ Facebook ရဲ့ နောက်ဆုံးဗားရှင်းမှာ Like button ကို ဖိထားပြီး ထပ်တိုးပါဝင်လာတဲ့ ခံစားချက်ပြ emoji တွေကို တစ်ခုချင်းစီ ရွေးချယ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Desktop ဗားရှင်းမှာတော့ Like button ပေါ်ကို mouse တင်ထားရုံနဲ့ ပေါ်လာတဲ့ emoji တွေကို ရွေးချယ်သွားလို့ ရမှာပါ။

နိုင်ငံတကာမှာ ဒီလုပ်ဆောင်ချက်ကို ရယူနိုင်တော့မှာဖြစ်ပြီး Facebook ရဲ့ နောက်ဆုံးဗားရှင်းမှာ ပါဝင်လာမှာပါ။ နေရာဒေသနဲ့အချိန်ကို လိုက်ပြီးတော့လည်း နောက်ကျကောင်းနောက်ကျနိုင်တယ်လို့လည်း သိရပါတယ်။

Facebook ကတော့ ဒီလုပ်ဆောင်ချက်ကို ထည့်သွင်းဖို့အတွက် တစ်နှစ်ကျော်ကြာ ပြင်ဆင်ခဲ့ရပြီး သုံးစွဲသူတွေ အလိုအပ်ဆုံးဖြစ်စေမယ့် emoji ငါးခုကို စစ်တမ်းပြုစုရွေးချယ်ခဲ့ရတယ်လို့ သိရပါတယ်။ Facebook   ဟာ ကမ္ဘာတစ်ဝှမ်းက သုံးစွဲသူတွေ တစ်ဦးနဲ့ တစ်ဦးပိုပို ရင်းနှီးစေဖို့ ဘာသာပြန်ဆိုပေးတဲ့ translate လုပ်ဆောင်ချက်တွေ ၊ မွေးနေ့ဆုတောင်းအတွက် ၁၅ စက္ကန့်စာ ဆုတောင်းစကားပြောကြားတဲ့ ဗီဒီယိုလုပ်ဆောင်ချက်တွေကို မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။

ဒီ reaction emoji တွေကို like နေရာမှာ ထည့်သွင်းလိုက်တာကြောင့် အသုံးပြုသူတွေဆီက ကောင်းမွန်တဲ့ စကားတွေပြန်ကြားရမယ် ထင်ပါတယ်လို့လည်း Facebook ရဲ့ product manager ဖြစ်သူ Sammi Krug ကပြောပါတယ်။


( Paing A K )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Digitaltrends

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment