Powered by Blogger.

Xiaomi ရဲ့ MIUI OS ကိုကမ္ဘာအနှံ့အသုံးပြုသူပေါင်း သန်း၁၇၀ ကျော်ရှိပြီဖြစ်



Xiaomi ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်အရ သူ့ရဲ့ MIUI OS ကိုအသုံးပြုသူပေါင်း သန်း ၁၇၀ရှိပြီလို့ သိရပါတယ်။ Xiaomi ကုမ္ပဏီကို ၂၀၁၀ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပြီး ၅နှစ်အောက် ကာလအတွင်းမှာပဲ တရုတ်နိုင်ငံရဲ့ နံပါတ်တစ် စမတ်ဖုန်းကုမ္ပဏီ ဖြစ်လာပါတယ်။ မနေ့က ပြုလုပ်ခဲ့တဲ့ Xiaomi Mi5 တင်ပြပွဲမှာ MIUI OS ရဲ့ စိတ်ဝင်စားစရာအချက်လေးတွေကို တင်ပြခဲ့ပါတယ်။

မနေ့က Xiaomi ရဲ့ flagship ဖုန်းဖြစ်တဲ့ Mi 5 ကို ပေကျင်းနဲ့ ဘာစီလိုးနားမှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ Mi 5 မှာထည့်သွင်းထားတဲ့ MIUI ကို အသုံးပြုသူပေါင်း ကမ္ဘာအနှံ့မှာ ဘယ်လောက်ရှိနေပြီဆိုတာကိုလည်း တင်ပြခဲ့ပါတယ်။ ကိန်းဂဏန်းအားဖြင့် ပြောရမယ်ဆိုရင် သန်း ၁၇၀ပါ။

၂၀၁၅ခုနှစ် ဖေဖော်ဝါရီလမှာ MIUI OS ကိုအသုံးပြုသူပေါင်း သန်း ၁၀၀ ရှိခဲ့ကြောင်း မှတ်တမ်းလည်းရှိပါတယ်။ ဒါဆိုရင် Xiaomi ဟာ တစ်နှစ်တာအတွင်း MIUI OS ကို သန်း ၇၀ကျော် ဖြန့်ဝေနိုင်ခဲ့တာပါပဲ။ ကမ္ဘာအနှံ့က ဖုန်းအမျိုးအစားပေါင်း ၃၄၀ကျော်မှာ MIUI OS ကို အသုံးပြုနိုင်ပြီဖြစ်ကြောင်း Xiaomi ကုမ္ပဏီက ပြောခဲ့ပါတယ်။

Xiaomi ကုမ္ပဏီဟာ လက်ရှိအချိန်မှာ ကမ္ဘာ့ တိုးတက်မှုအမြန်ဆုံး ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီလည်းဖြစ်ပါတယ်။ ဒီ့အတွက် MIUI OS ကလည်း တိုးတက်မှုမြန်ဆန်တဲ့ OS ဖြစ်ခဲ့ပါတော့တယ်။

( Skyler )

#သစ်ထူးလွင်(နည်းပညာ)

#technology.thithtoolwin.com

Ref: AndroidHeadlines
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment