Samsung ဟာဆိုရင်တော့ သူတို့ရဲ့ Galaxy မျိုးဆက်ထဲမှာ စွမ်းဆောင်ရည်အမြင့်ဆုံးဖြစ်လာမယ့် S7 ဖုန်းကိုတော့ လာမယ့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။ သင်ဟာ လာမယ့်သုံးပတ်လောက်မှာတော့ သတင်းအမျိုးမျိုးနဲ့ Galaxy S7 ကို မျက်ဝါးထင်ထင် မြင်ရတော့မှာပါ။
Samsung ဟာဆိုရင်တော့ Galaxy S7 ကို ထုတ်လုပ်တော့မယ်ဆိုတဲ့ ဗီဒီယိုမှာတော့ "#TheNextGalaxy" လို့ရေးသားထားခဲ့ပြီးတော့ Feb 21 , 2016 လို့ စာတန်းထိုးထားခဲ့ပါတယ်။ Samsung ကတော့ Galaxy S7 ကိုလည်း S7 Edge ဆိုတဲ့ ပုံစံတစ်မျိုးနဲ့လည်း တွဲလျက်ထွက်ရှိလာအုံးမှာပါ။
S7 Edge မှာဆိုရင်တော့ အားပိုခံပြီး ပိုမိုကြီးမားတဲ့ ဘက်ထရီ ၊ microSD ကတ်အပေါက် ၊ Exynos 8 Octa 8890 Processor ၊ RAM 4 GB အထိလည်း ပါဝင်လာမှာပါ။ ကင်မရာတွေကလည်း ရုပ်ထွက်အရမ်းကောင်းမယ့် အလားအလာမှာရှိနေပြီး ရှေ့ကင်မရာ 12 MP နဲ့ ကျောဘက် ကင်မရာကတော့ 18 MP အထိပါဝင်လာမှာဖြစ်ပါတယ်။
ဒီဖုန်းမှာဆိုရင်တော့ Internal Storage အနေနဲ့လည်း 32 GB / 64 GB အထိပါဝင်လာမှာလည်း ဖြစ်ပါတယ်။
သူတို့ဟာဆိုရင်တော့ ဒီဖုန်းကို မိတ်ဆက်မယ့် အစီအစဉ်ကိုတော့ လာမယ့် ၂၁ ရက်နေ့မှာ စပိန်နိုင်ငံ ဘာစီလိုနာမှာ ပြုလုပ်သွားမှာဖြစ်တယ်လို့လည်း Samsung ကတရားဝင်ထုတ်ပြန်ခဲ့ပါတယ်။
( Paing A K )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : PCauthority
Ref : PCauthority
0 comments:
Post a Comment