ထိုင်ဝမ်အခြေစိုက်ကုမ္ပဏီ
Moai က တီထွင်ခဲ့တာဖြစ်ပြီး ကမ္ဘာ့ခေတ်အမီဆုံးအီလက်ထရစ်လည်စည်း ပ၀ါ ဖြစ်ပါတယ်။
CES Las
Vegas ပွဲမှာစတင်ပြသခဲ့တဲ့ G2T ဆိုတဲ့ ဒီလည်စည်းဟာ ပူအိုက်တဲ့ရာသီဥတုမှာ ခလုတ်တစ်ချက်နှိပ်လိုက်ရုံနဲ့
အေးမြစေနိုင်ပြီး၊ ဆောင်းတွင်းမှာတော့ နွေးထွေးမှုကို ပေးစွမ်းနိုင်ပါတယ်။
G2T အီလက်ထရစ်လည်စည်းကို
ကုတ်အင်္ကျီအိတ်ကပ်ထဲထည့်ယူသွားနိုင်တဲ့ ဘက်ထရီအသေးတစ်ခုနဲ့ ချိတ်ဆက်အသုံးပြုရတာဖြစ်ပြီး၊
တစ်ခါအားသွင်းထားရင် ၁၀ နာရီတိတိအသုံးခံတယ်လို့ဆိုပါတယ်။
ကုမ္ပဏီရဲ့ပြောကြားချက်အရ
ဆောင်းတွင်းမှာ လည်ပင်းကိုနွေးထွေးနေအောင်ထားခြင်းဖြင့် ခန္ဓာကိုယ်တစ်ခုလုံး နွေးထွေးနေနိုင်တယ်လို့
သိရပါတယ်။
“ ကျွန်တော်တို့ရဲ့လည်ပင်းမှာ
အာရုံခံကြောတွေအများကြီးရှိပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်က အအေးဓာတ်၊ အနွေးဓာတ်ခံစားနိုင်ဖို့အတွက်၊
ဒီစက်လေးကို လည်ပင်းမှာတပ်လိုက်ရုံပဲလိုပါတယ်။ ကျွန်တော်ကိုယ်တိုင် ဒီစက်ကို အပြင်သွားရင်ဝတ်သွားနေကြပါ” လို့ Moai ကုမ္ပဏီရဲ့ အရောင်းဒါရိုက်တာ Jeff Huang က ပြောကြားပါတယ်။
Huang က နောက်ထပ်
G2T စက်မှာ Bluetooth ချိတ်ဆက်နိုင်မှုကိုထည့်သွင်းပေးသွားမှာဖြစ်ပြီး ၀တ်ဆင်သူအနေနဲ့
အပူ၊အအေးကို စမတ်ဖုန်း app ကနေ တဆင့်ထိန်းချုပ်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
နောက်မော်ဒယ်အသစ်မှာ လည်ပင်းနဲ့ပခုံး နာကျင်၊ညောင်းညာမှုကိုဖြေလျော့ပေးဖို့ အတွက် နှိပ်နယ်ပေးတဲ့စွမ်းဆောင်ရည်ပါ ထည့်သွင်းပေးသွားမှာဖြစ်တယ်လို့ Huang က ပြောကြားခဲ့ပါတယ်။
အပူချိန်ထိန်းချုပ်နိုင်တဲ့
ဝတ်ဆင်စရာနည်းပညာပစ္စည်း (wearables) တွေဟာ လွန်ခဲ့တဲ့နှစ်တွေကစလို့ အရမ်းခေတ်စားလာခဲ့ပြီး
နာမည်ကြီးအားကစားပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ Nike ကတောင် အားကစားသမားတွေအတွက် အေးမြမှုပေးနိုင်တဲ့မျက်နှာဖုံးကို
မကြာသေးမီက မိတ်ဆက်ခဲ့ပါတယ်။
( Ye Wint )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoowlwin.com
#technology.thithtoowlwin.com
Ref:
DailyMail
0 comments:
Post a Comment