Powered by Blogger.

Selfie ရိုက်ပြီး အွန်လိုင်းကနေ ငွေပေးချေနိုင်မယ့်စနစ်ကို မိတ်ဆက်ပြသ




သုံးစွဲသူတွေအတွက် စိတ်ချမ်းသာစေပြီး ပိုမိုအဆင်ပြေစေမယ့် အွန်လိုင်းငွေပေးချေမှုစနစ်ကို MasterCard က ဘာစီလိုနာမြို့မှာ ပြုလုပ်လျက်ရှိတဲ့ ကမ္ဘာ့မိုဘိုင်းကွန်ဂရက်မှာ မိတ်ဆက်ပြသခဲ့ပါတယ်။ Password တွေနဲ့ အသုံးပြုရတာဟာဆိုရင်တော့ အခက်အခဲတွေ ရှိနေဆဲဖြစ်တာကြောင့် အခုလို Selfie ရိုက်ရုံနဲ့ verify ပြုလုပ်ပေးသွားမယ့်စနစ်ကို လာမယ့်နွေရာသီမှာ ဥရောပနိုင်ငံတစ်ဝှမ်းမှာ သုံးစွဲနိုင်ဖို့ MasterCard က စီစဉ်သွားမှာဖြစ်ပါတယ်။

MasterCard ဟာ ဒီအစီအစဉ်ကို အမေရိကန်နဲ့ နယ်သာလန်နိုင်ငံတို့မှာ ပထမဆုံးစမ်းသပ်မှုတွေပြုလုပ်ခဲ့ပြီးတဲ့နောက်မှာ ကမ္ဘာတစ်ဝှမ်းက သုံးစွဲသူတွေအတွက်ပါ အဆင်ပြေစေဖို့အတွက် အခုလိုမျိုး မိတ်ဆက်ပြသလိုက်တာပါ။ ဒီလိုငွေပေးချေစနစ်ကြောင့် အွန်လိုင်းကနေ တစ်ခုခုကို ဝယ်ယူတဲ့အခါမှာ password တွေရိုက်ထည့်စရာမလိုတော့ဘဲ ဖုန်းက ကင်မရာနဲ့ selfie ရိုက်လိုက်တာနဲ့ ပိုက်ဆံလွဲပြောင်းပေးသွားမှာဖြစ်ပါတယ်။

ဒီလိုအသုံးပြုဖို့ အတွက်တော့ ဖုန်းထဲမှာ MasterCard App ကို ထည့်သွင်းထားရမှာဖြစ်ပြီး သင့်ရိုက်လိုက်တဲ့ ဓာတ်ပုံကို ပြဿနာတစ်စုံတစ်ခုဖြစ်ပေါ်လာရင် ဖြေရှင်းပေးနိုင်မယ့် စနစ်တစ်ခုအဖြစ် အသွင်ပြောင်းပြီး သူတို့ရဲ့ database ထဲမှာ သိမ်းဆည်းပေးထားမှာဖြစ်တယ်လို့ MasterCard က ဆိုပါတယ်။ MasterCard ကတော့ လက်ဗွေစနစ်နဲ့လည်း ငွေလွဲပေးနိုင်မယ့် အစီအစဉ်ကို ပြသဖို့ စီစဉ်နေပြီး အသုံးပြုသူတွေမှာ သံသယဖြစ်စရာအချက်တွေတွေ့ခဲ့ရင်လည်း လက်ဗွေစနစ်ကို အသုံးပြုပြီး secure ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

MasterCard ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ Visa ကလည်း အဝတ်အထည် ၊ ကားနဲ့ တခြားလူ့အသုံးအဆောင် ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး လုံခြုံတဲ့ ငွေပေးချေမှုစနစ်တစ်ရပ်ကို မိတ်ဆက်ဖို့ စီစဉ်လျက်ရှိတယ်လို့လည်း သိရပါတယ်။



( Paing A K )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : PCMag

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment