Powered by Blogger.

Sony က ဦးဆောင်ပြီး PlayStation VR ပွဲတော်ကို ကျင်းပမည်


PlayStation VR တွေကို မိတ်ဆက်ပြသသွားမယ့်  PlayStation VR ပွဲတော်ကို လာမယ့် မတ်လ ၁၅ ရက်နေ့မှာ Sony က ဦးဆောင်ပြီး

ကျင်းပသွားဖွယ်ရှိတယ်လို့ သိရပါတယ်။

၂၀၁၆ နှစ်လယ်ပိုင်းမှာ Sony က PlayStation VR တွေကို ထုတ်လုပ်ပြသမယ်လို့ Sony က ကြေညာထားခဲ့ပြီး နှစ်စဉ်ပြုလုပ်နေကျ Game Developers Conference မတိုင်ခင်မှာ ဒီပွဲကို ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

VR စနစ်ဟာ လာမယ့် အနာဂတ်မှာ ထွန်းကားလာနိုင်တဲ့ နည်းပညာတစ်ခုအဖြစ် သတ်မှတ်ခံထားရပြီး အနာဂတ် ဂိမ်းလောကကိုပါ ဦးဆောင်လာနိုင်တာကြောင့် Sony က လက်ဦးမှုရယူပြီး ဒီပွဲကို စီစဉ်လိုက်တာဖြစ်ပါတယ်။

Sony ဟာဆိုရင်တော့ VR Game တွေအတွက် Hardware ပိုင်းဆိုင်ရာ ပစ္စည်းတွေကိုလည်း ထုတ်လုပ်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment