Powered by Blogger.

၂၀၂၁ ခုနှစ်မှာ ကမ္ဘာ့နံပါတ်တစ် စမတ်ဖုန်းကုမ္ပဏီဖြစ်လာဖို့ Huawei မျှော်မှန်း



Huawei ဟာ ၂၀၂၁ခုနှစ်လောက်ကျရင် ကမ္ဘာ့နံပါတ်တစ် စမတ်ဖုန်းကုမ္ပဏီဖြစ်လာဖို့ မျှော်မှန်းထားကြောင်း သတင်းရရှိပါတယ်။

Xiaomi နဲ့ Huawei တို့ဟာ တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး စမတ်ဖုန်းထုတ်လုပ်သူတွေဖြစ်ကြပါတယ်။ ပြီးခဲ့တဲ့နှစ်က Xiaomi ဟာ Huawei ထက်ရောင်းအားကောင်းခဲ့ပေမဲ့ Huawei က ကမ္ဘာ့နှုန်းနဲ့ယှဉ်ရင် ဦးဆောင်နေဆဲပါ။ ပြီးခဲ့တဲ့နှစ်က Huawei ဟာ စမတ်ဖုန်းအလုံးပေါင်း ၁၀၈သန်းရှိခဲ့ပြီးနောက် ကမ္ဘာ့ တတိယ စမတ်ဖုန်းကုမ္ပဏီဖြစ်လာဖို့ ကြိုးစားလုပ်ဆောင်ခဲ့ပါတယ်။ လာမယ့်နှစ်တွေမှာလည်း ဒီ့ထက် တိုးတက်မှုတွေရှိလာဖို့ကို Huawei က လုပ်ဆောင်နေပါတယ်။ Huawei မှာ တကယ့်ကို စိတ်ဝင်စားစရာကောင်းတဲ့ အစီအစဉ်တွေရှိနေပါတယ်။

စိတ်ဝင်စားစရာကောင်းတဲ့ အစီအစဉ်အချို့ကို Huawei ကုမ္ပဏီရဲ့ သုံးစွဲသူစီးပွားရေးအုပ်စု အမှုဆောင်အရာရှိချုပ်၊ Huawei Devices ဥက္ကဌ ဖြစ်သူ Richard Yu က ခုလိုပဲထုတ်ပြန်ခဲ့ပါတယ်။ နောက် ၂နှစ် ၃နှစ်အတွင်းမှာ Huawei ဟာ Apple ကို ကျော်ပြီး ကမ္ဘာ့ နံပါတ်နှစ် ဖြစ်လာမယ်လို့ သူက ကြိုတင်တွက်ချက်ထားပါတယ်။ ဒါနဲ့တင်ရပ်မသွားပါဘူး။ နောက် ၅နှစ်အတွင်းမှာ Samsung ကိုလည်းကျော်ပြီး ကမ္ဘာ့နံပါတ်တစ် ဖြစ်လာဖို့ စီစဉ်နေကြောင်း သူကပြောခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့နှစ် ရောင်းအားနဲ့ယှဉ်ရင် ၃၀ရာခိုင်နှုန်းတိုးတက်ဖို့ကို Huawei က ရည်ရွယ်လုပ်ဆောင်နေကြောင်း မစ္စတာ Yu ရဲ့အဆိုအရ သိရပါတယ်။

( Skyler )

#သစ်ထူးလွင်(နည်းပညာ)

#technology.thithtoolwin.com

Ref: AndroidHeadlines
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment