Powered by Blogger.

နောက်ဆုံးထွက်ရှိလာမယ့် Android ဗားရှင်း N မှာ အရေးကြီးတဲ့ လုပ်ဆောင်ချက်တစ်ခုကို ဖြုတ်ပစ်မည်


နောက်ဆုံးပေါ်ဖြစ်လာမယ့် Android ဗားရှင်းအသစ် Android N မှာဆိုရင်တော့ ပိုကောင်းမွန်လာမယ့် အပိုင်းတွေ ရှိနေသလို သုံးစွဲသူတွေ ဘဝင်မကျဖြစ်စေမယ့် အရာတွေလည်း ရှိနေပါတယ်။

ဖုန်းတွေ အတော်များများမှာ အရေးပါတဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်တဲ့ App Drawer ကို Android N ဗားရှင်းမှာတော့ ဖြုတ်သိမ်းသွားဖွယ်ရှိနေတာကြောင့် သုံးစွဲသူတွေက ဝေဖန်မှုတွေ ရှိလာနိုင်တယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။

App Drawer ကတော့ သင့်ရဲ့ ဖုန်းအောက်ခြေ အလယ်တည့်တည့်မှာ များသောအားဖြင့်တွေ့ရတတ်တဲ့ အောက်ပါပုံသဏ္ဍာန်ရှိတဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။



Google  Map က ဗားရှင်းအသစ်မှာ ပါဝင်လာမယ့် လုပ်ဆောင်ချက်သစ်တွေကို ထုတ်ဖော်ပြသခဲ့ရာမှာတော့ သူတို့ရဲ့ Nexus 6P ဖုန်းရဲ့ Home မျက်နှာပြင်မှာ App Drawer ပါဝင်လာမှု မရှိတာကို တွေ့ရပါတယ်။ ဒီရဲ့ သတင်းကတော့ ကောလဟလအနေနဲ့သာ ထွက်ရှိသေးတာဖြစ်ပြီး အတိအကျတော့ ပြောလို့မရသေးဘူးလို့ သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : BGR


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment