Powered by Blogger.

ထိုင်နေတဲ့အချိန်မှာ ထွက်ရှိတဲ့ စွမ်းအင်ကို လျှပ်စစ်စွမ်းအင်ပြောင်းပြီး ဖုန်းအားသွင်းပေးမယ့် ကုလားထိုင်



အခုခေတ် ပညာရှင်တွေကတော့ တစ်မျိုးပြီး တစ်မျိုးကို စမ်းသပ်တီထွင်လာကြပါပြီ။ လမ်းလျှောက်နေတဲ့အချိန်မှာ ထွက်လာတဲ့ စွမ်းအင်ကိုတောင် ဖိနပ်မှာ သိမ်းထားပြီး ဖုန်းအားသွင်းနိုင်နေတဲ့ အခြေအနေမှာ သင်ထိုင်လျက်ရှိနေရင်တောင် ထွက်လာတဲ့ စွမ်းအင်ကို စုပ်ယူပြီး ဖုန်းအားသွင်းနိုင်ဖို့ ဖြစ်လာပါပြီ။


ထိုင်နေတဲ့အချိန်မှာ မလိုအပ်ဘဲထွက်ရှိနေတဲ့ အပူစွမ်းအင်နဲ့ အရွေ့စွမ်းအင်ကို လျှပ်စစ်စွမ်းအဖြစ် ဆင့်ကဲပြောင်းလဲပေးမယ့် ထိုင်ခုံကို နယ်သာလန်ပညာရှင်တစ်ယောက်က တီထွင်လိုက်ပါတယ်။ ဒီထိုင်ခုံဟာဆိုရင်တော့ ထွက်ရှိလာတဲ့ လျှပ်စစ်စွမ်းအင်ကို ဖုန်းအားသွင်းတဲ့နေရာနဲ့ တစ်ခြားလျှပ်စစ်ပစ္စည်းတွေကို အားသွင်းအသုံးပြုဖို့ ဒီဇိုင်းရေးဆွဲထားပြီး တကယ်ကို အကျိုးရှိစေမယ့် တီထွင်မှုဖြစ်လာနိုင်မယ်လို့ မျှော်လင့်လျက်ရှိပါတယ်။


MOOV လို့ နာမည်ပေးထားတဲ့ ဒီထိုင်ခုံမှာဆိုရင်တော့ အာရုံခံကိရိယာတစ်ခုပါဝင်ပြီး ထိုင်နေတဲ့အချိန်မှာ အားသွင်းစေချင်ရင်တော့ ပါရှိပြီးသားဖြစ်တဲ့ အာရုံခံကိရိယာ (sensor) ကို ဖွင့်ပေးရမှာဖြစ်ပါတယ်။ ဒီလိုဖွင့်လိုက်တဲ့ အခါမှာတော့ ထိုင်ခုံတစ်ခုလုံးမှာရှိတဲ့ စွမ်းအင်ကို စုပ်ယူဖို့အတွက် လုပ်ဆောင်သွားမှာဖြစ်ပြီး ထိုင်ခုံရဲ့ လက်ကိုင်အစွန်းမှာ တည်ရှိတဲ့ USB အားသွင်းပေါက်ကို စွမ်းအင်တွေအားလုံးစုစည်းသွားရောက်မှာပါ။
ထိုင်ခုံကနေ ထွက်ရှိလာတဲ့ လျှပ်စစ်စွမ်းအင်ဟာဆိုရင်တော့ ဖုန်းတစ်လုံးကို အားအပြည့်သွင်းနိုင်လောက်တဲ့ အထိတော့ ပမာဏရှိမှာဖြစ်ပါတယ်။


အခုလိုမျိုး လျှပ်စစ်စွမ်းအင်ကို ထုတ်လုပ်ဖို့အတွက်တော့ ထိုင်ခုံထဲမှာ piezoelectric လို့အမည်ရတဲ့ ခရစ္စတယ်အမှုန်လေးတွေကို ထည့်သွင်းတည်ဆောက်ထားပြီး တစ်ခြားပရိဘောဂ ပစ္စည်းတွေမှာလည်း ဒီနည်းပညာကို အသုံးပြုသွားနိုင်ဖို့ မျှော်လင့်လျက်ရှိနေပါတယ်။



ဒီထိုင်ခုံဟာဆိုရင်တော့ ဘယ်လောက်အထိ လျှပ်စစ်ထုတ်လုပ်နိုင်ပြီး ဖုန်းတစ်လုံးကို အားသွင်းဖို့ ဘယ်လောက်ကြာတယ်ဆိုတာတော့ မသိရသေးပါဘူး။ အကယ်လို့ ထိုင်နေတဲ့အခါမှာ ဖုန်းအားသွင်းထားတာမျိုး မရှိရင်လည်း အပိုပါဝင်တဲ့ ဘက်ထရီက ထွက်လာတဲ့ စွမ်းအင်တွေကို သိုလှောင်ပေးထားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Digital Trends

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment