Powered by Blogger.

Anonymous ဟက်ကာအဖွဲ့က ဒေါ်နယ်ထရမ့်ကို စစ်ကြေညာ



Anonymous ဟက်ကာအဖွဲ့ရဲ့ နောက်ထပ်စစ်ကြေညာတာခံလိုက်ရသူကတော့ အမေရိကန် သန်းကြွယ်သူဋ္ဌေးနဲ့ သမ္မတရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်နေသူ ဒေါ်နယ်ထရမ့်ဖြစ်ပါတယ်။

Anonymous ဟက်ကာအဖွဲ့ဟာ ထရမ့်ကို အမှန်တကယ်စစ်ကြေညာလိုက်တာပါ။ ထရမ့်နဲ့ ပတ်သက်သမျှ ဝက်ဘ်ဆိုက်တွေ ၊ ရွေးကောက်ပွဲက မသမာမှုနဲ့ တစ်ခြားအရှက်ရစရာ ထရမ့်ရဲ့ ပုဂ္ဂိုလ်ရေးသတင်းတွေကို ဖော်ထုတ်ဖြုတ်ချသွားမှာဖြစ်တယ်လို့ ကြေညာပါတယ်။

“ကျွန်တော်တို့ ထရမ့်ရဲ့ လုပ်ငန်းစဉ်တွေနဲ့ brand တွေကို ပိတ်သိမ်းပစ်ဖို့ ဖြစ်လာခဲ့ပါပြီ” လို့ Anonymous ဟက်ကာအဖွဲ့က ဗီဒီယိုထဲမှာ ပြောကြားခဲ့ပါတယ်။

donaldjtrump.com, trump.com, trumphotelcollection.com and the candidate's online presidential destinations including donaldtrump2016online.com နဲ့ citizensfortrump.com လို ဝက်ဘ်ဆိုက်တွေကို Anonymous က ပစ်မှတ်ထားတိုက်ခိုက်သွားမှာဖြစ်ပြီး ထရမ့်ရဲ့ တစ်ကိုယ်ရည် သတင်းတွေနဲ့ လူမှုကွန်ရက်ဆိုင်ရာ ကုတ်နံပါတ်တွေကိုလည်း ဖော်ထုတ်သွားမယ်လို့ သိရပါတယ်။

ဒါဟာ Anonymous ဟက်ကာအဖွဲ့က ဒုတိယအကြိမ်မြောက်အနေနဲ့ ထရမ့်ကို စစ်ကြေညာလိုက်တာဖြစ်ပြီး ၂၀၁၅ ခုနှစ်အတွင်းက မွတ်စလင်တွေပေါ်မှာ ခွဲခြားပြောဆိုမှုတွေကြောင့် အခုလို ကြေညာလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : Engadget



Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment