Powered by Blogger.

အသေးငယ်ဆုံးစက်ရုပ် ခြောက်ရုပ်က ကားတစ်စီးကို ဆွဲပြခဲ့


အင်းဆက်စက်ရုပ်လေးတွေလို့ အမည်ပေးထားတဲ့ microbot လေး ၆ ခုဟာဆိုရင်တော့ သူတို့ ရဲ့ စုစုပေါင်း အလေးချိန်ထက် အဆ ၁၀၀ ကျော် (အလေးချိန်ပေါင် ၃၉၀၀) လောက်အထိ လေးလံတဲ့ကားတစ်စီးကို ဆွဲပြခဲ့ပါတယ်။

ပုရွက်ဆိတ်တွေရဲ့ စည်းလုံးမှုအင်အားကို အခြေခံပြီး ဒီစက်ရုပ်တွေကို ဖန်တီးထားတယ်လို့ တီထွင်သူ စတန်းဖို့ဒ်တက္ကသိုလ်က ဆိုပါတယ်။

ဒီအင်းဆက်စက်ရုပ်တွေကိုတော့ သူတို့ထက်အဆ ၁၀၀ လောက် လေးလံတဲ့အရာတွေကို သယ်နိုင် , မနိုင် အောင် ဖန်တီးထားသလို ဆွဲနိုင်အောင်လည်း ဖန်တီးထားတယ်လို့ သိရပါတယ်။

စက်ရုပ်တွေရဲ့ အလေးချိန်ဟာဆိုရင်တော့ တစ်ရုပ်ကို ၁၇ ဂရမ်သာရှိပြီး အခုလို ကားတစ်စီးကို  ဆွဲပြနိုင်ခဲ့တာကတော့ အံ့သြစရာကောင်းလှပါတယ်။

စက်ရုပ်တစ်ရုပ်ကနေ ဆွဲအား ၂၀၀ နယူတန်လောက်အထိကို ထုတ်လုပ်ခဲ့ကြပြီး အခုလို ခြောက်ခုပေါင်းပြီး ဆွဲခဲ့တဲ့အချိန်မှာတော့ ကားတစ်စီးကို ရွေ့စေလောက်တဲ့အထိ ဖြစ်လာခဲ့တာပါ။

အသေးစိတ် အကြောင်းအရာတွေကိုတော့ အောက်က ဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။





( Paing A K )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : BGR

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment