Powered by Blogger.

လမ်းလျှောက်နေရင်း မိုဘိုင်းဖုန်းအသုံးပြုခြင်းကို နယူးဂျာစီပြည်နယ်တွင် ပိတ်ပင်ဖို့ စီစဉ်နေ



အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်က တရားဥပေဒေဆိုင်ရာ ရှေ့နေတွေကတော့ လမ်းလျှောက်နေရင်း မိုဘိုင်းဖုန်းအသုံးပြုတဲ့ အပြုအမူတွေကို ထိထိရောက်ရောက်အရေးယူသွားဖို့ စီစဉ်နေပါတယ်။ ဒီရဲ့ ဥပဒေဟာဆိုရင်တော့ အေးအေးဆေးဆေးလမ်းလျှောက်သူတွေအတွက်တော့ ကောင်းမွန်နိုင်ပြီး လမ်းသွားရင်း စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အပြုအမူတွေကို နောက်ထပ်တွေ့မြင်ရဖွယ် ရှိတော့မှာ မဟုတ်ပါဘူး။

ဒီဥပဒေသာ အသက်ဝင်လာမယ်ဆိုရင်တော့ ဒီလိုမျိုး လမ်းလျှောက်ရင်းနဲ့ ဖုန်းအသုံးပြုသူတွေဟာ ထောင်ဒဏ်အထိကို ကျခံရနိုင်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ဒီဥပဒေကိုတော့ နယူးဂျာစီပြည်နယ် ဋ္ဌာနေဆိုင်ရာ အမျိုးသမီး ရှေ့နေတစ်ယောက်က အဆိုပြုတင်သွင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပညာရှင်တစ်ယောက်ကတော့ ဒီလိုမျိုး လမ်းလျှောက်ရင်းနဲ့ မိုဘိုင်းဖုန်းအသုံးပြုတာဟာ ကမ္ဘာတစ်ဝှမ်းမှာ ကြီးမားလာတဲ့ ပြဿနာဖြစ်ပြီး လူတွေဟာ အီလက်ထရောနစ်ပစ္စည်းတွေနဲ့ပဲ တစ်ချိန်လုံးအကျွမ်းတစ်ဝင် ပိုဖြစ်လာတယ်လို့ ဆိုပါတယ်။ ဒီလိုမျိုး မိုဘိုင်းလ်ဖုန်းကို ကြည့်ပြီး လမ်းလျှောက်နေမှုကြောင့် ယာဉ်အန္တရာယ်ဆိုင်ရာပြဿနာတွေလည်း အမြဲလိုလို ကြုံတွေ့နေရပြီး လမ်းလျှောက်ရင်းနဲ့ ပြဿနာဖြစ်ပွားမှုတွေဟာလည်း ၂၀၁၄ ခုနှစ်ကစပြီး ၁၅ ရာနှုန်းအထိ ပိုမိုမြင့်မားလာတယ်လို့ ဆိုပါတယ်။

ဟာဝိုင်အီ ကမ်းခြေမှာလည်း အခုလို ဖုန်းအသုံးပြုပြီး လမ်းလျှောက်နေရင် ဒေါ်လာ ၂၅၀ အထိ ဒဏ်ကြေးပေးဆောင်ရမယ့် ဥပဒေကို အဆိုပြုတင်သွင်းထားပြီး အာကန်ဆတ်စ် ၊ အီလီနွိုက်စ် ၊ နီဗားဒါးနဲ့ နယူးယောက်ဒေသတွေမှာတော့ ဒီလိုမျိုး ပုံစံတူဥပဒေတွေဟာ ပယ်ချခံခဲ့ရဖူးတယ်လို့ သိရပါတယ်။

နယူးဂျာစီမှာတော့ ငွေသားအနေနဲ့ ဒေါ်လာ ၅၀ အထိ ဒဏ်ရိုက်ဖို့ စီစဉ်ထားပြီး မိုဘိုင်းလ်ဖုန်းအသုံးပြုပြီး သွားလာမှုကြောင့် လမ်းသွားလမ်းလာချင်း ထိတိုက်မိပြီး ထိခိုက်ဒဏ်ရာရရှိမှုကလည်း ၈၀% အထိ မြှင့်တက်လာလို့ အခုလို ဥပဒေကို ထပ်ပြီး အဆိုပြုတင်သွင်းတာဖြစ်တယ်လို့လည်း သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(နည်းပညာ)  
#technology.thithtoolwin.com

Ref : Independent


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment