Powered by Blogger.

Xiaomi က "စမတ်ထမင်းပေါင်းအိုး" ကို စတင်ထုတ်လုပ်


Xiaomi ကတော့ စမတ်ဖုန်းတွေကိုသာ ထုတ်လုပ်ဖို့ ရှိနေခဲ့တာမဟုတ်ဘဲနဲ့ တစ်ခြား လူနေအသုံးအဆောင် ပစ္စည်းတွေမှာပါ နေရာယူဖို့ ကြိုးစားနေခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ Xiaomi ဟာ သူတို့ရဲ့ “Mi Ecosystem” လို့ နာမည်ပေးထားတဲ့ ပရောဂျက်ကို ထမင်းပေါင်းအိုးတစ်ခုနဲ့အတူ စတင်အသက်သွင်းလိုက်ပြီဖြစ်ပါတယ်။

Xiaomi ဟာ ဒီပရောဂျက်အတွင်းမှာ လေသန့်စက် ၊ ရေသန့်စက် စတဲ့ ပစ္စည်းတွေကိုပါ ထုတ်လုပ်ဖို့ ရည်ရွယ်ထားပါတယ်။

အခုထုတ်လုပ်လိုက်တဲ့ စမတ်ထမင်းပေါင်းအိုးဟာဆိုရင်တော့ ဖုန်းအက်ပလီကေးရှင်းတစ်ခုနဲ့ ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပြီး မိမိဝယ်လာတဲ့ ဆန်အိတ်က ဘားကုတ်ကို စကန်ဖတ်လိုက်တာနဲ့ ဆန်အမျိုးအစားကို အလိုအလျောက်ခွဲခြားပြီး ဆန်ရဲ့အရည်အသွေးကို အကောင်းဆုံးဖြစ်အောင် ချက်ပြုတ်ပေးမှာဖြစ်ပါတယ်။



ဒီရဲ့ စမတ်ထမင်းပေါင်းအိုးမှာ ဆန်အမျိုးအစား ၂၀၀ ကျော်ရဲ့ ချက်ပြုတ်နည်းတွေ ပါဝင်ပြီး အပူချိန်ညှိပေးနည်းပေါင်း ၂၄၅၀ နဲ့ ချက်ပြုတ်သွားမှာပါ။ ဒီစမတ်ပေါင်းအိုးမှာတော့ သံလိုက်စွမ်းအင်သုံး အဆို့ရှင်တစ်ခုလည်းပါဝင်ပြီး ဒီအဆို့ရှင်က ပေါင်းအိုးထဲမှာ လိုအပ်တဲ့ဖိအားကို အတိကျဆုံး ထိန်းညှိပေးသွားမှာပါ။ ဖိအားကို ချိန်ညှိတာဟာဆိုရင် ဆန်ရဲ့ အရည်အသွေးကို မပျက်စေဘဲ အကောင်းဆုံးထမင်းဖြစ်လာတဲ့ အဓိကအကြောင်းရင်းဖြစ်ပါတယ်။

ဒီထမင်းပေါင်းအိုးရဲ့ အနားကွပ်ဘောင်ကိုတော့ အဆင့် ၆၉ ဆင့်နဲ့ သန့်စင်ထားတဲ့ သံနဲ့ ပြုလုပ်ထားပြီး အောက်ခြေကြမ်းပြင်မှာလည်း ထမင်းတွေ စီးကပ်နေမှုမရှိအောင် PFA ပေါင်ဒါမှုန့်ကို အသုံးပြုပြီး ပေါင်းအိုးအောက်ခြေကို ကာကွယ်ပေးထားပါတယ်။ ဒီရဲ့ Mi Rice Cooker ကိုတော့ ဒေါ်လာ ၁၅၀ နဲ့ ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး တစ်ခြားသော ပေါင်းအိုးတွေနဲ့စာရင် အရည်အသွေးပိုင်းကောင်းမွန်ပြီး ဈေးနှုန်းကလည်း အထူးသက်သာတာကိုတွေ့ရမှာဖြစ်ပါတယ်။


( Paing A K )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : GSM Arena


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment