Powered by Blogger.

လာမယ့်နှစ်အနည်းငယ်အတွင်းမှာ စမတ်ဖုန်းရောင်းအားပြန်လည် ကျဆင်းသွားနိုင်



အခုကာလမှာတော့ စမတ်ဖုန်းရောင်းချသူတွေအတွက် အကောင်းဆုံးအခြေအနေတစ်ရပ်မှာ ရှိနေခဲ့ပေမယ့်လည်း တက်ချိန်ရှိရင် ကျချိန်လည်းရှိလာနိုင်တယ်ဆိုတဲ့ စကားလိုပဲ စမတ်ဖုန်းဈေးကွက်ဟာ နှစ်အနည်းငယ်အတွင်းမှာ ပြန်ထိုးဆင်းနိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

စမတ်ဖုန်းတင်ပို့ရောင်းချရမှုဟာ ၂၀၁၅ အတွင်းမှာ ၅.၇ ရာနှုန်းအထိ တိုးတက်လာခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုကတော့ ၁၂ ရာနှုန်းအထိ ရှိခဲ့တယ်လို့ သိရပါတယ်။ Samsung နဲ့ Apple တို့လို ကုမ္ပဏီကြီးတွေကတော့ သူတို့ ဘယ်လောက်ရောင်းချရတယ်ဆိုတာကိုတော့ တရားဝင်ထုတ်ပြန်တာမျိုး မရှိခဲ့ပါဘူး။

တရုတ်နိုင်ငံဟာဆိုရင်တော့ အကြီးမားဆုံး ဖုန်းဈေးကွက်တစ်ခုဖြစ်နေခဲ့ပြီး ဥရောပနဲ့ အမေရိကတွေကို နှစ်အနည်းငယ်အတွင်းမှာ ပခုံးချင်းယှဉ်လာနိုင်တယ်လို့ သိရပါတယ်။ နောက်ထပ်တိုးတက်လာမယ်လို့ ခန့်မှန်းထားတာကတော့ အိန္ဒိယနဲ့ တစ်ခြား အရှေ့အလယ်ပိုင်းဒေသတွေဖြစ်ပါတယ်။

ဖုန်းတွေပေါများလာသလို ဖုန်းတွေရဲ့ ပျမ်းမျှတန်ဖိုးကလည်း တစ်ဖြည်းဖြည်းနိမ့်ကျလာပါတယ်။ ၂၀၁၅ မှာဆိုရင်တော့ ဖုန်းတစ်လုံးရဲ့ ပျမ်းမျှတန်ဖိုးဟာ ၂၉၅ ဒေါ်လာ  အထိကျသင့်ခဲ့ပေမယ့်လည်း ၂၀၂၀ အရောက်မှာတော့ ၂၃၇ ဒေါ်လာအထိရောက်ရှိလာတယ်လို့ သိရပါတယ်။
ဒီလိုတန်ဖိုးကျလာတာဟာဆိုရင်တော့ တစ်ချို့ဖုန်းထုတ်လုပ်သူတွေကို အရှုံးပေါ်စေနိုင်ပြီး စမတ်ဖုန်းဈေးကွက်လည်း ပြန်ပြီး ကျဆင်းနိုင်တယ်လို့ ခန့်မှန်းနေကြတာပါ။


( Paing A K )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : PC Mag



Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment