Powered by Blogger.

Twitter ဟာ Anonymous ဟက်ကာ အဖွဲ့ဝင်တွေရဲ့  အကောင့်တွေ ကို ပိတ်သိမ်းခဲ့



မိုက်ခရို ဘလော့ဂ်ဂင်း ၀က်ဘ်ဆိုက်လို့ လူသိများတဲ့ Twitter ဟာ အကြမ်းဖက်မှုနဲ့ သက်ဆိုင်တဲ့ Tweet တွေကို ဖယ်ရှားနိုင်ဖို့ ကြိုတင်ပြင်ဆင်နေချိန်မှာ အွန်လိုင်း လှုပ်ရှားသူတွေက အခိုင်အမာ ဆိုလာခဲ့တာကတော့ Twitter ဟာ အစ္စလာမ်အစွန်းရောက်အဖွဲ့ IS ကို တပ်သားသစ် စည်းရုံးရေးနဲ့ ၀ါဒဖြန့်ချီဖို့ တားမြစ်ရမယ့်အစား အကြမ်းဖက်မှုတွေကို အမှန်တစ်ကယ် အစီရင်ခံနေတဲ့ အကောင့်တွေကို ပိတ်သိမ်း ပစ်ခဲ့တယ်ဆိုတာပါပဲ။

Twitter ဟာ အကြမ်းဖက်မှုလုပ်ရပ်တွေနဲ့ သက်ဆိုင်နေတဲ့ အကောင့်ပေါင်း ၁ သိန်း ၂ သောင်း ၅ ထောင်ကို ရပ်နားလိုက်ပြီးနောက်မှာမှ ကမ္ဘာကျော် ဟက်ကာ ကွန်ရက်တစ်ခုဖြစ်တဲ့ Anonymous အဖွဲ့က ဒီ စကားတွေကို အခိုင်အမာဆိုခဲ့တာဖြစ်ပါတယ်။

“ခင်ဗျားတို့ပဲ တွေးကြည့်ပါ။ ကျွန်တော်တို့သာ အကြမ်းဖက်သမား အကောင့်တွေနဲ့ အကြမ်းဖက်မှု ဓါတ်ပုံတွေကို သတင်းမပေးခဲ့ဘူးဆိုရင် Twitter ဟာ အကြမ်းဖက်သမားတွေနဲ့ ပြည့်နေပါလိမ့်မယ်” လို့ Anonymous အဖွဲ့ဝင် အကြမ်းဖက်မှုဆန့်ကျင်ရေး ဟက်ကာတစ်ယောက်ဖြစ်တဲ့ WauchulaGhost က ဆိုပါတယ်။

WauchulaGhost ရဲ့   Twitter အကောင့်ဟာလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကပင် အသုံးပြုမှု ရပ်နားခံလိုက်ရတာလည်း ဖြစ်ပါတယ်။ “ကျွန်တော် Twitter ကနေ ဘာအီးမေးလ်မှ မရခဲ့ပါဘူး” လို့ သူက ဆိုပါတယ်။

ဒါ့အပြင် Twitter ဟာ ISIS အဖွဲ့ဝင်တွေ သတ်လိုက်လို့ သေဆုံးခဲ့ရသူ Jordan ရဲ့  ဇနီးဖြစ်သူ ဖလော်ရီဒါပြည်နယ်သူ Tamara Fields က တရားစွဲဆိုထားမှုနဲ့ လည်း ရင်ဆိုင်နေရပါသေးတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Gadgets

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment