iPhone 5Se နာမည်နဲ့ လေးလက်မအရွယ် iPhone မကြာမီထွက်ရှိဖွယ်ရှိ
လွန်ခဲ့တဲ့လတွေတုန်းက ထွက်တော့မယ်လို့ ကောလဟာလတွေထွက်ခဲ့တဲ့ လေးလက်မအရွယ်ရှိတဲ့ iPhone ဟာ ယခုအခါ 6c ဒါမှမဟုတ် 7c နာမည်နဲ့ မဟုတ်တော့ဘဲ ‘iPhone 5Se’ နာမည်နဲ့ ထွက်ရှိလာမှာဖြစ်တယ်လို့ သိရပါတယ်။
နာမည်ကျော်တရုတ်ဈေးကွက်စိစစ်လေ့လာသူတစ်ဦးက တရုတ်လူမှုကွန်ရက် Weibo မှာ တင်ခဲ့တဲ့ ပို့ စ်တစ်ခုအရ၊ လူအများစောင့်မျော်နေကြတဲ့ လေးလက်မအရွယ် iPhone ဟာ ‘iPhone 5Se' နာမည်နဲ့ ထွက်ရှိလာမှာဖြစ်ပြီး e ဟာ ‘enhanced’ (မွမ်းမံထားသော) ကို ကိုယ်စားပြုတယ်လို့ ဆိုပါတယ်။ ဒီဖုန်းဟာ ၂၀၁၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ iPhone 5s ကို အသစ်မွမ်းမံထားတဲ့ဖုန်းဖြစ်တယ်လို့ လည်း သိရပါတယ်။
လေးလက်မအရွယ် iPhone 5e မှာ Apple Pay ငွေချေစနစ်ပါဝင်လာမှာဖြစ်ပြီး၊ NFC နည်းပညာနဲ့ VoLTE ကွန်ရက်ချိတ်ဆက်နိုင်မှုတို့ ပါဝင်လာမှာဖြစ်ပါတယ်။ ကျောဘက်ကင်မရာက 8-megapixel ရှိပြီး iPhone 6 မှာစတင်အသုံးပြုခဲ့တဲ့ A8 ပရိုဆက်ဆာကိုပဲ ပြန်လည်အသုံးပြုထားကာ RAM ကတော့ 1GB ရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဈေးကတော့ အတန်ငယ်များပြီး မြန်မာငွေ ခြောက်သိန်းခွဲခန့် ရှိမှာပါ။
လွန်ခဲ့တဲ့အပတ်က ပေါက်ကြားခဲ့တဲ့ ၄ လက်မအရွယ် iPhone ဓာတ်ပုံတွေမှာ တွေ့ မြင်ရသလောက် ယခု iPhone 5Se ဟာ လက်ရှိမျိုးဆက် iPhone တွေလိုပဲ ထောင့်စွန်းအကွေးပုံစံပဲဖြစ်ပါတယ်။ ကျောဘက်ဒီဇိုင်းပိုင်းကလည်း iPhone 6 နဲ့ တစ်ပုံစံတည်းဖြစ်ပြီး ရှေ့ ဘက်ဒီဇိုင်းကတော့ iPhone တွေရဲ့ ဒီဇိုင်းအတိုင်းပဲဖြစ်ကာ လက်ဗွေရာဖတ်ရှုနိုင်တဲ့ home ခလုတ်ပါ ပါဝင်လာဖွယ်ရှိတယ်လို့ သိရပါတယ်။
( Paing A K )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref: Gadgets360
0 comments:
Post a Comment