Powered by Blogger.

Messenger မှာ Secret Chat ဆိုတဲ့လုပ်ဆောင်ချက်ကို ထည့်သွင်းဖို့ စီစဉ်နေ



Facebook အပိုင် အက်ပလီကေးရှင်းတစ်ခုဖြစ်တဲ့ Messenger မှာဆိုရင်တော့ အသုံးပြုသူနှစ်ဦးကြားမှာ လျှို့ဝှက်စွာပြောဆိုနိုင်မယ့် secret chat လုပ်ဆောင်ချက်ကို ထည့်သွင်းသွားဖို့ စီစဉ်လျက်ရှိနေတယ်လို့ သိရပါတယ်။ ဒီလုပ်ဆောင်ချက်ကို ထည့်သွင်းဖို့အတွက်တော့ iOS ဗားရှင်းမှာ အရင်ဆုံးစမ်းသပ်သွားဖွယ်ရှိနေတယ်လို့လည်း သတင်းတွေကဖော်ပြပါတယ်။

Facebook ဟာဆိုရင်တော့ Messenger အက်ပလီကေးရှင်းကို ကုန်သွယ်ရေးဝန်ဆောင်မှု အက်ပလီကေးရှင်းတစ်ခုအဖြစ်လည်း ကူးပြောင်းသွားဖွယ်ရှိနေပြီး ဒီအက်ပလီကေးရှင်းထဲမှာ လူတွေဟာ ပစ္စည်းရောင်းဝယ်မှုတွေကို ပြုလုပ်သွားနိုင်ဖွယ်ရှိတယ်လို့လည်း သိရပါတယ်။

အခုလောလောဆယ် သတင်းထွက်ပေါ်လာတဲ့ secret chat ဆိုတဲ့ လုပ်ဆောင်ချက်ဟာဆိုရင်တော့ Messenger ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ Telegram အက်ပလီကေးရှင်းမှာ ယခင်တည်းက ပါရှိပြီးဖြစ်တယ်လို့သိရပါတယ်။

Telegram အက်ပလီကေးရှင်းမှာတော့ secret chat လုပ်ဆောင်ချက်ဟာ အတော်လေးကို စွမ်းဆောင်ရည်ကောင်းမွန်ပြီး နှစ်ဦးသားပြောဆိုထားကြတဲ့စကားတွေကို တစ်ခြားသူက ဝင်ရောက်ကြည့်ရှုချိန်မှာ စကားဝှက်တွေအဖြစ် အသွင်ပြောင်းသွားမှာပါ။

Telegram အက်ပလီကေးရှင်းရဲ့ secret chat မှာတော့ အသုံးပြုသူ နှစ်ယောက်ကြား ပြောထားတဲ့အချက်အလက်တွေဟာဆိုရင်လည်း secret chat ဖြစ်ပေမယ့် အက်ပလီကေးရှင်းရဲ့ ဆာဗာထဲမှာ သိမ်းဆည်းသွားမှာ မဟုတ်ဘဲ သူတို့ရဲ့ ဖုန်းတွေရဲ့ အတွင်းပိုင်းမှာသာပဲ သိမ်းဆည်းသွားပေးတာဖြစ်တယ်လို့လည်း သိရပါတယ်။


( Paing A K )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : Independent

 
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment