Powered by Blogger.

Microsoft က Iron Man ဇာတ်ကားထဲက Jarvis လို AI ပရိုဂရမ်မျိုးကို ထုတ်လုပ်ဖို့ စီစဉ်နေ



Microsoft ကတော့  အနာဂတ်မှာ  စွမ်းဆောင်ရည်တွေ ကြောက်စရာကောင်းလောက်အောင် ကောင်းမွန်နေတဲ့ AI bot (လူလုပ်သိဥာဏ်တုပရိုဂရမ်) တွေကို အမြောက်အမြားထုတ်လုပ်ဖို့ အစီအစဉ်တွေရှိနေတဲ့ ပုံပါပဲ။

Microsoft  ဟာ မကြာသေးခင်ကမှ AI ပရိုဂရမ်တစ်ခုဖြစ်တဲ့ Tay ကို တွစ်တာစာမျက်နှာပေါ်မှာ ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်အနေနဲ့ လွှင့်တင်ခဲ့ပြီးတဲ့နောက်မှာတော့ အခုလိုပဲ Jarvis လို AI တစ်ခုကို တီထွင်ဖို့ ကြိုးစားနေတာပဲဖြစ်ပါတယ်။

Tay ဆိုတဲ့ AI ပရိုဂရမ်ကတော့ တွစ်တာပေါ်က လူအပေါင်းရဲ့ သင်ကြားပေးမှုနဲ့အတူ စကားပေါင်းစုံကိုတတ်သွားပြီး ဟစ်တလာကိုထောက်ခံတာတွေ ၊ အမျိုးသမီးဝါဒီတွေကို မုန်းတဲ့ဝါဒတွေနဲ့ တစ်ခြား လိင်ပိုင်းဆိုင်ရာ ကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေကို တတ်လာတာကြောင့် လွှင့်တင်ပြီး ၂၄ နာရီအကြာမှာပဲ ပိတ်သိမ်းလိုက်ရတာဖြစ်ပါတယ်။

အခု Microsoft က လွှင့်တင်ဖို့ ဆန္ဒရှိနေတဲ့ AI ကတော့ သင့်ရဲ့ လက်ထောက်တစ်ယောက်လိုမျိုး လုပ်ဆောင်ပေးသွားမှာဖြစ်ပြီး သင့်အတွက် အီးမေးလ်စစ်ပေးတာ ၊ ဘာသာပြန်ပေးတာနဲ့ တစ်နေရာရာသွားဖို့ ရှိတဲ့ ကိစ္စတွေကို သတိပေးတာတွေ ၊ ဘယ်လိုအင်္ကျီက ဘယ်အရောင်ဘောင်းဘီနဲ့လိုက်တာတွေကို ပြောပြပေးသွားမှာပါ။

ဒီလိုပုံစံမျိုးဟာဆိုရင်တော့ Iron Man ဇာတ်ကားထဲက Tony Stark ရဲ့ လက်ထောက် AI   Jarvis နဲ့ ပုံစံခပ်ဆင်ဆင်ဖြစ်ဖွယ်ရှိပြီး ကိုယ့်အတွက် ဝေယျာဝစ္စအားလုံးကို လုပ်ကိုင်ပေးမယ့် AI ပေါ်လာရင်တော့ အတော်လေးကို အကျိုးပြုဖွယ်ရှိပါတယ်။


( Paing A K )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : CNet

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment