Powered by Blogger.

Messenger မှာ သီချင်းတွေကို ဝေမျှနားထောင်နိုင်တော့မယ်



Messenger ကနေ Uber ကုန်သွယ်ရေးဝန်ဆောင်မှုတွေကို ငှားရမ်းနိုင်သလိုမျိုးပဲ နောက်ထပ် လုပ်ဆောင်ချက်အသစ်တစ်ခုဖြစ်တဲ့ ဂီတနာမည်ကျော်ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Spotify ဝက်ဘ်ဆိုက်ကနေ သီချင်းတွေ တိုက်ရိုက်နားဆင်နိုင်မယ့် လုပ်ဆောင်ချက်ကို ထည့်သွင်းမိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

သူငယ်ချင်းတစ်ယောက်ဖြစ်သူရဲ့ Chat Box ရဲ့ညာဘောက်ထောင့်စွန်းက အစက်သုံးစက်ကို နှိပ်လိုက်တာနဲ့ Spotify ဆိုတဲ့ button တစ်ခု ပုံမှာ ပြထားသလိုပေါ်လာမှာဖြစ်ပြီး သီချင်းကိုရှာပြီး ပို့လိုက်တာနဲ့ လင့်ခ်အနေနဲ့ တစ်ခြားသူဆီရောက်သွားမှာပါ။

 လက်ခံရရှိသူကတော့ လင့်ခ်အနေနဲ့သာရရှိမှာဖြစ်ပြီး ဖွင့်လိုက်မှသာ သီချင်းနားထောင်နိုင်မှာပါ။

ဒီလုပ်ဆောင်ချက်ကတော့ Android နဲ့ iOS နှစ်မျိုးစလုံးမှာ ရရှိနိုင်မှာဖြစ်ပြီး သင့်သူငယ်ချင်းတွေနဲ့အတူ သီချင်းတွေကို အလွယ်တကူ ဝေမျှနိုင်တော့မှာပါ။


( Paing A K )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Engadget

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment