Powered by Blogger.

LinkedIn ရဲ့  CEO က ၀န်ထမ်းတွေကို ကိုယ်ပိုင် ရှယ်ယာအချို့  လျော်ကြေးပေး



တစ်ဖြည်းဖြည်းလူသုံးများလာတဲ့ လူမှုကွန်ရက် LinkedIn ရဲ့  အမှုဆောင်အရာရှိချုပ် Jeff Weiner ဟာ ကုမ္မဏီ ရဲ့  လျော့ကျလာတဲ့ စတော့ တန်ဖိုးတွေကို လျော်ကြေးပေးဖို့အတွက် ၀န်ထမ်းတွေကို ဒေါ်လာ ၁၄ သန်းတန်ကြေးရှိတဲ့ သူ့ရဲ့ ကိုယ်ပိုင် စတော့ ရှယ်ယာများ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

Mashable သတင်းဌာန ရဲ့  ဖော်ပြချက်အရတော့ LinkedIn ရဲ့  အမြတ်ငွေတင်ပြချက်တွေဟာ ရင်းနှီးမြှုပ်နှံသူတွေကို စိတ်ကျေနပ်မှု မပေးစွမ်းနိုင်ခဲ့ပဲ အခြားရွေးချယ်စရာတွေကို ရှာဖွေစေဖို့ ဖြစ်လာခဲ့ပါတယ်။

ရလဒ်အနေနဲ့ကတော့ LinkedIn လူမှုကွန်ရက် ရဲ့  ဈေးကွက် တန်ဖိုးတွေဟာ ၁၉၂ ဒေါ်လာ ခန့်ကနေ ၁၀၈ ဒေါ်လာ ခန့်အထိ ထိုးကျသွားခဲ့တယ်လို့ Yahoo! သတင်းက ဖော်ပြထားပါတယ်။ ထို ရှယ်ယာတန်ဖိုး ကျဆင်းလာမှု ဟာ ၀န်ထမ်းတွေ ပိုင်ဆိုင်တဲ့ ရှယ်ယာတွေမှာပါ ထိခိုက်သွားခဲ့ပြီး မနှစ်ကမှ အလုပ်စ၀င်တဲ့ ၀န်ထမ်းတွေအပေါ် အဓိက သက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် ပထမဆုံးအနေနဲ့ LinkedIn ရဲ့  အမှုဆောင်အရာရှိချုပ် Jeff Weiner ဟာ သူ့ရဲ့  ကိုယ်ပိုင်ရှယ်ယာအချို့ကို ၀န်ထမ်းတွေအတွက် လျော်ကြေးပေးတဲ့အနေနဲ့ ရှယ်ယာ အပိုဆု သဘောမျိုး ပေးအပ်ခဲ့တာပဲ ဖြစ်ပါတယ်။



( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment