Powered by Blogger.

Messenger နောက်ဆုံးဗားရှင်းမှာ ဘတ်စကတ်ဘောဂိမ်းကစားနိုင်ပြီ


သင့်အနေနဲ့ တစ်ယောက်ယောက်နဲ့ chat နေရတာ ပျင်းလာပြီဆိုရင် နောက်ဆုံးထွက် messenger မှာ ပါဝင်လာတဲ့ ဘတ်စကတ်ဘောဂိမ်းလေးကို ကစားလို့ရပါတယ်။ တစ်လုံးသွင်းနိုင်ရင် တစ်မှတ်ရမယ့် စနစ်နဲ့ ပြုလုပ်ထားတာဖြစ်ပြီး high-score ပြိုင်လို့လည်း ရတာကြောင့် စကားပြောဖော်နဲ့လည်း စိန်ခေါ်ပြီး ဒီဘတ်စကတ်ဘောဂိမ်းလေးကို ကစားနိုင်မှာပါ။

သင့်အနေနဲ့ တစ်လုံးချော်သွားတာနဲ့ အစကနေ ပြန်ဆော့ရမှာဖြစ်ပါတယ်။ ဘတ်စကတ်ဘောဂိမ်းက လျှို့ဝှက်ပါဝင်လာတာဖြစ်တာကြောင့် သင့်အနေနဲ့ လိုက်ရှာနေရင် မတွေ့နိုင်ပါဘူး။




ဒီဘတ်စကတ်ဘောဂိမ်းလေးကို ကစားချင်တယ်ဆိုရင်တော့ သင့်အနေနဲ့ messenger app ရဲ့ နောက်ဆုံးဗားရှင်းကို ဒေါင်းလုဒ် လုပ်လိုက်ပါ။ ပြီးရင်တော့ စကားပြောဖော်တစ်ယောက်ယောက်ကို ဘတ်စကတ်ဘောပုံ emoji လေးကို ပို့ပေးရမှာပါ။ စာရိုက်တဲ့ box ရဲ့ ညာဘက်ဒေါင့်ဆုံး လက်မရဲ့ ဘေးက emoji လေးတွေပါဝင်ပါတယ်။ အဲ့ဒီမှာ ဘတ်စကတ်ဘောပုံကို လိုက်ရွေးပါ။  ( ခေါင်းလောင်းပုံ အောက်မှာ ဘတ်စကတ်ဘောပုံ ရှိပါတယ်)

အဲ့ဒီ ဘတ်စကတ်ဘော emoji လေးကို တစ်ယောက်ယောက်ကို ပို့လိုက်ပါ။(အင်တာနက်ဖွင့်ပြီး ပို့ရမှာနော်)

ပြီးရင်တော့ အဲ့ဒီ ဘတ်စကတ်ဘောလေးကို ဖိထားလိုက်ပါ။ ပုံမှာပြထားတဲ့ ဘတ်စကတ်ဘောဂိမ်းထဲကို ရောက်သွားပြီး ဘောလုံးလေးကို ခြင်းထဲပစ်ထည့်ရမယ့် ဂိမ်းလေးကို ကစားနိုင်ပြီဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အပျင်းပြေကစားလို့ရတာပေါ့။


( Paing A K )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : Express
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment