Powered by Blogger.

ISIS နည်းပညာအဖွဲ့က ဘယ်လ်ဂျီယံမှာရှိနေတဲ့ အဖွဲ့ဝင်တွေကို လူမှုကွန်ရက်ပေါ်ကနေ တိမ်းရှောင်ခိုင်းထား


ISIS နည်းပညာအဖွဲ့ဟာဆိုရင်တော့ သူတို့ရဲ့ ကိုယ်ပိုင် စကားပြောအက်ပလီကေးရှင်းတစ်ခုဖြစ်တဲ့ Telegram မှာ “ဘယ်လ်ဂျီယံမှာရှိတဲ့ ညီနောင်များ” လို့ ခေါင်းစဉ်တပ်ပြီး လူမှုကွန်ရက်စာမျက်နှာတွေပေါ်ကနေ ဘယ်လ်ဂျီယံမှာ ရှိနေတဲ့ နောက်ထပ် ISIS အဖွဲ့ဝင်တွေကို တိမ်းရှောင်နေကြဖို့ အတွက် သတိပေးထားတဲ့ လှုံ့ဆော်ချက်တစ်ခုကို ဖြန့်ဝေခဲ့ပါတယ်။

ရုတ်ရုတ်သဲသဲဖြစ်ပွားမှုတွေ မငြိမ်သက်မချင်း လျှို့ဝှက်နေထိုင်ပြီး ကိုယ်ယောင်ဖျောက်နေဖို့ကိုလည်း တစ်ပါတည်း ညွှန်ကြားထားတယ်လို့ သိရပါတယ်။ ဒီညွှန်ကြားချက်မှာတော့ အချက်ခုနှစ်ချက်ပါဝင်ပြီး နောက်ထပ်တိုက်ခိုက်မှုတွေ မပြုလုပ်ခင်အထိကို ကိုယ်ယောင်ဖျောက်နေထိုင်ပြီး တစ်ယောက်နဲ့တစ်ယောက် ကူညီရိုင်းပင်းနေကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ဒီထုတ်ပြန်ကြေညာချက်ကိုတော့ Telegram အက်ပလီကေးရှင်းမှာ ကင်းထောက်ထားတဲ့ အကောင့်အတုတွေကနေပြီးတော့ အခိုင်အမာရရှိထားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : Mashable



Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment