Powered by Blogger.

Nike က အလိုအလျောက် ကြိုးချည်ပေးမယ့် ဖိနပ်ကို ထုတ်လုပ်


အားကစားအသုံးအဆောင်နဲ့ တစ်ခြားလူအသုံးအဆောင်တွေကို ထုတ်လုပ်တဲ့ Nike ကုမ္ပဏီကတော့ ဖိနပ်ဝတ်ဆင်သူရဲ့ ခြေထောက်အနေအထားနဲ့ အသင့်တော်ဆုံးဖြစ်အောင် ကြိုးကို ချိန်ညှိပေးမယ့် ဖိနပ်တစ်မျိုးကို ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။

HyperAdapt 1.0 လို့အမည်ပေးထားတဲ့ ဖိနပ်ဟာဆိုရင်တော့ ဝတ်ဆင်သူက ခြေထောက်ထိုးထည့်လိုက်တာနဲ့ ကြိုးတွေကို ခြေထောက်အရွယ်အစားကို လိုက်ပြီး တင်းရင်းအောင် ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

“ဖိနပ်ကြိုးချည်ရတဲ့ အလေ့အထနဲ့ ကြိုးကို တင်းအောင်ဆွဲရတာတွေကို ဖျောက်ဖျက်ပေးမယ့် ဖိနပ်” လို့ Nike က ကြေညာထားခဲ့ပါတယ်။ Nike ဟာဆိုရင်တော့ သူတို့ရဲ့ နည်းပညာသစ်အဖြစ် Nike + ဆိုတဲ့ အက်ပလီကေးရှင်းကိုလည်း ထည့်သွင်းပေးထားပြီး အားကစားဖိနပ်တွေရဲ့ ဖဝါးဘက်မှာ ရွှံ့တွေကပ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းပေးမယ့် ပစ္စည်းတစ်ခုကိုလည်း အတူတကွ မိတ်ဆက်ခဲ့ပါတယ်။

ဒီရဲ့ ဖိနပ်ဟာဆိုရင်တော့ နာမည်ကျော်ဇာတ်ကားတစ်ကားဖြစ်တဲ့ “Back To The Future” ဇာတ်ကားထဲက ဇာတ်ကောင် Marty McFly ဝတ်ဆင်ခဲ့တဲ့ ဖိနပ်ပုံစံနဲ့လည်း ဆင်တူပါတယ်။ ဒီဖိနပ်ကိုတော့ ရိုးရိုးစီးနဲ့ အားကစားစီးဆိုပြီး အမျိုးအစားနှစ်မျိုးနဲ့ ထုတ်လုပ်ထားပါတယ်။ ဖိနပ်ရဲ့ ကြမ်းပြင်မှာ အာရုံခံကိရိယာတွေပါဝင်လာမှာဖြစ်ပြီး ဖိနပ်မှာပါတဲ့ ကြိုးတွေကို အလိုအလျောက်တင်းသွားမှာဖြစ်ပါတယ်။

ဖိနပ်မှာတော့ “ကြိုးတင်မှာလား ၊ ကြိုးလျော့မလား” ဆိုတဲ့ ခလုတ်နှစ်ခုပါဝင်လာအုံးမှာဖြစ်ပြီး စိတ်ကြိုက် အနေအထားကို မရောက်မချင်း ခလုတ်တွေကို နှိပ်ပြီး ကိုယ်တိုင်ချိန်ညှိနိုင်မှာဖြစ်ပါတယ်။ ဈေးနှုန်းကိုတော့ မသိရသေးဘဲ ကြော်ငြာအနေနဲ့တော့ ကမ္ဘာကျော်ဘောလုံးသမား စီရော်နယ်ဒိုနဲ့ ရိုက်ကူးထားတာကို တွေ့ရပါတယ်။














( Paing A K )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : Independent


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment