Powered by Blogger.

Apple က သူတို့ရဲ့ ဈေးအသက်သာဆုံးနဲ့ အကောင်းဆုံး iPhone SE ကို တရားဝင်မိတ်ဆက်



Apple ကုမ္ပဏီကတော့ သူတို့ရဲ့ iPhone တွေမှာ ဈေးအသက်သာဆုံးနဲ့ အတန်ဆုံးဖြစ်လာမယ့် iPhone SE ကို စတင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ ဒီပွဲမှာတော့ iPad Pro အသစ်နဲ့ Apple နာရီမော်ဒယ်အသစ်တွေကိုလည်း တစ်ပါတည်း မိတ်ဆက်ခဲ့တာပါ။

iPhone 5S နောက်ပိုင်းမှာ အသေးဆုံးနဲ့ အကောင်းဆုံး ဖုန်းတစ်လုံးဖြစ်လာတဲ့ iPhone SE မှာတော့ Apple က သူတို့ရဲ့ နောက်ဆုံးထွက် ပရော်ဆက်ဆာတစ်ခုဖြစ်တဲ့ M9 ပရော်ဆက်ဆာကို အသုံးပြုထားပြီး အစွန်းဆုံအထိကြည်လင် ပြတ်သားစေမယ့် ကင်မရာလုပ်ဆောင်ချက်တွေလည်း ပါဝင်လာပါတယ်။

“လေးလက်မအရွယ်နဲ့ ဖုန်းတစ်လုံးဟာ အရမ်းကို လှပပြီးတော့ အကောင်းဆုံးဖုန်းတစ်လုံးဖြစ်လာမှာပါ။ ဒီဖုန်းက ရှိပြီးသားဖုန်းကို အသစ်ဆန်းဆုံး အကြံနဲ့ ပြန်ပြီး တီထွင်လိုက်တာပါ” လို့ Apple ရဲ့ မားကတ်တင်း တာဝန်ရှိသူ ဖီးလ်စကေလာကပြောပါတယ်။

ချစ်ပ်အနေနဲ့တော့ 64-bit A9 ချစ်ပ်ကို အသုံးပြုထားပြီးတော့ အပိုပါဝင်တဲ့ M9 ပရော်ဆက်ဆာကတော့ သင့်ရဲ့ ခြေလှမ်းတွေ ၊ ကယ်လိုရီတွေကို မှတ်သားပေးသွားမှာဖြစ်ပါတယ်။ WiFi အသုံးပြုရာမှာ ပိုမြန်လာတာကိုတွေ့ရမှာဖြစ်ပြီး ကျောဘက်ကင်မရာကတော့ 12 MP အထိရှိပါတယ်။ ဒါ့အပြင် 4K ဗီဒီယိုတွေကို ရိုက်ကူးနိုင်မှာလည်းဖြစ်ပြီး 1080p အထိရှိတဲ့ ပြတ်သားတဲ့ပုံရိပ်တွေကို ဖမ်းယူနိုင်မှာဖြစ်ပါတယ်။


ဒါ့အပြင် Apple Pay ကို အသုံးပြုနိုင်တဲ့ NFC chip ကိုလည်း iPhone SE မှာ ထည့်သွင်းပေးထားပါတယ်။ ဆယ်လ်ဖီကင်မရာကတော့ 1.2 MP ပဲရှိပေမယ့်လည်း ဆယ်လ်ဖီဆွဲတဲ့အခါမှာ အလင်းထပ်ထည့်ပေးမယ့် Retina Flash လုပ်ဆောင်ချက်ကိုလည်း ထည့်သွင်းပေးထားပါတယ်။

iPhone 6 နဲ့ iPhone 6S တွေမှာပါဝင်လာတဲ့ 3D touch လုပ်ဆောင်ချက်ကတော့ iPhone SE မှာ ပါဝင်လာမှာမဟုတ်ပါဘူး။ iOS 9.3 ဗားရှင်းကိုလည်း  Apple က မိတ်ဆက်ခဲ့ပြီဖြစ်ပြီဖြစ်တာကြောင့် လုပ်ဆောင်ချက်အသစ်တွေပါလာတဲ့ iOS 9.3 ဗားရှင်းကို ဒေါင်းလုပ်ပြုလုပ်လိုက်ဖို့ ပြောလိုပါတယ်။

Apple ကတော့ iPhone SE ဟာ iPhone 5S နဲ့ ပုံစံတူပြီး  ပုံမှာ ပြထားတဲ့ အရောင်လေးမျိုးနဲ့ ထုတ်လုပ်လိုက်တာပါ။ သိုလှောင်နိုင်မှု16 GB ပါရှိတဲ့ ဖုန်းကတော့ ၃၅၉ ဒေါ်လာကျသင့်မှာဖြစ်ပြီး 64 GB ရှိတဲ့ သိုလှောင်နိုင်မှုအတွက်တော့ ၄၃၉ ဒေါ်လာကျသင့်မယ်လို့ သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : Express

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment