Powered by Blogger.

Oculus Rift Virtual Reality Headsets အတွက် Apple Macတွေက ထာက်ပံ့နိင်ခြင်းမရှိဟု တီထွင်သူ ဝေဖန်


Virtual Realityတီထွင်သူ ပါးမား လူကီ( Palmer Luckey)က နာမည်ကျော်Appleကိုဝေဖန်ခဲ့ပါတယ်။ လူကီက Macကွန်ပျူတာတွေက သူရဲ့  Oculus Rift လို့ အမည်ရတဲ့Virtaul Reality Headsetsကို ထောက်ပံ့ဖို့အတွက်မလုံလောက်ဘူးလို့ ဆိုပါတယ်။

လူကီဟာ ၂၀၁၄ခုနှစ်မှာ Facebookက ၂ဘီလီယံဒေါ်လာနဲ့ဝယ်ယူခဲ့တဲ့ viral realityကုမ္ပဏီ Oculus VR ရဲ့တည်ထောင်သူလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့အပတ် X boxသတင်းစာရှင်းလင်းပွဲတစ်ခုရဲ့ Shack Newsက အင်တာဗျူးမှာ လူကီက သူရဲ့ Oculus Riftက Appleသာ ပိုပြီးကောင်းမွန်တဲ့ကွန်ပျူတာတွေဖို့စဉ်းစားခဲ့ရင် Appleနဲ့ပဲ အလုပ်လုပ်မှာဖြစ်တယ်လို့ဆိုပါတယ်။

ဒီအချက်က Appleဟာ မြင့်မားတဲ့ ဂရပ်ဖစ်ပိုင်းတွေ မစီစဉ်ထားဘူးဆိုတာ သိသာစေရုံလောက်ပဲလို့ ဆိုပါတယ်။ သူကပဲ ဆက်လက်ပြီး“ခင်ဗျားတို့က ဒေါ်လာ ၆၀၀၀တန် Mac Proကို  Graphic Card ဂရပ်ဖစ် ကတ်(the-top-of-the line  AMD Fire Pro D7000)ကို ၀ယ်နိုင်ပေမယ့် ဒါက ကျွန်တော်တို့ရဲ့သတ်မှတ်ချက်နဲ့ မကိုက်ညီနိုင်ပါဘူး” လို့ဆိုပါတယ်။

Oculus VRက သူရဲ့ Oculus Rift Headsetsကို မတ်လ ၂၈ရက်နေ့မှာ ရောင်းချဖို့ စတင်ခဲ့ပြီး ဈေးနှုန်းက ဒေါ်လာ ၁၄၉၉ (ကြမ်းခင်းဈေး ၁၀၇၅)ဖြစ်တယ်လို့ဆိုပါတယ် ဒါပေမယ့် UKမှာ တရားဝင်ဈေးနှုန်း ကတော့ မသတ်မှတ်ရသေးပါဘူး။

ပြိုင်ဘက် VR Headsetsတွေဖြစ်တဲ့ HTC Vive ,Sony Playstation VRနဲ့ Microsoft Hololens  တို့ဟာလည်းမကြာခင်တွေမိတ်ဆက်တော့မှာဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေကတော့ နည်းပညာမြင့် Headsetsတွေက လူအများစုရဲ့PCနဲ့ အလုပ်မလုပ်ကြဘူးလို့ဆိုပါတယ်။

Nvidia Graphic Card Companyက ဂျေဆင် ပေါလ် (Jason Paul)ရဲ့အဆိုအရ  Graphic processors (ဂရပ်ဖစ်ပရိုဆက်ဆာ)တွေက Virtual Reality Gameကို runတဲ့အခါ ရိုးရိုး Stanard PC Gameကို runတာထက် ၇ဆ ပိုအားကောင်းတယ်လို့ သိရပါတယ်။

အခုချိန်မှာ Network (နက်ဝေါ့) ကျွမ်းကျင်သူတွေက ထုထည်ကြီးမားတဲ့ အချက်အလက်တွေ နက်ဝေါ့ခ်တစ်ခုလုံး ဖြန့်ကျက်ဖို့လိုတဲ့အတွက်  Virtual Reality gameတွေက အင်တာနက် service providerတွေအတွက်  အဓိက စိန်ခေါ်မှု ဖြစ်လာနိုင်ပါတယ်လို့ဆိုပါတယ်။

Tata Communicationရဲ့ အဓိက ပြောင်းလဲတီထွင်သူ အလက်ဇန်းဒါး ပယ်လီတီယာ(Alexandre Pelletier)ကတော့ “ယနေ့ 4G ဆက်သွယ်ရေးက VRကိုထိန်းချုပ်ဖို့မလုံလောက်ပါဘူး
ဒါကြောင့်လိုအပ်တဲ့မြှုပ်နှံမှုတွေနဲ့ မြင့်မားတဲ့ဆက်သွယ်ရေးကို သယ်ဆောင်နိင်မယ့် အဆင့်မြင့် နက်ဝေါ့ခ်တွေ လိုအပ်တယ်”လို့ ပြောပါတယ်။

ဘ၀အတွေ့အကြုံနဲ့ VRကို ရောချင်တဲ့သူတွေအတွက်အလွန်မြန်ပြီး အားကောင်းတဲ့ဆက်သွယ်ရေးကို လိုအပ်ပါတယ်။တက်လိုက် ကျလိုက် ဆက်သွယ်ရေးနက်ဝေါခ့်က သုံးစွဲသူတွေရဲ့ အတွေ့အကြုံတွေကို လျော့ကြစေတဲ့အပြင်ဖျက်ဆီးခံရနိုင်ပါတယ်။ အဲဒါတွေအပြင် သုံးစွဲသူတွေကို မျက်စိလည်စေပြီးစိတ်ပျက်စရာတွေ ဖြစ်စေနိုင်ပါတယ်။

(Beauty Syh)

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment