Powered by Blogger.

Huawei P9 မှာ ကျောဘက်ကင်မရာ နှစ်လုံးပါဝင်လာဖွယ်ရှိ


Huawei ကတော့ သူတို့ရဲ့ P စီးရီးစမတ်ဖုန်းတွေမှာ နောက်ဆုံးပေါ်ထွက်ရှိလာမယ့် Huawei P9 ဟာဆိုရင်တော့ ထွက်ရှိလာတဲ့ဓာတ်ပုံတွေအရ ကျောဘက်ကင်မရာနှစ်လုံး ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။

၂၀၁၆ နှစ်လယ်ပိုင်းမှာ ထွက်ရှိလာနိုင်မယ့် ဒီဖုန်းဟာဆိုရင်တော့ 12 MP ရှိတဲ့ မှန်ဘီလူးတွေကို ဒီကင်မရာ နှစ်လုံးမှာ အသုံးပြုထားတာဖြစ်ပြီး ပုံရိပ်ကို အကောင်းဆုံး ပစ်မှတ်ထားရိုက်ကူးနိုင်ဖို့ အခုလို ဖန်တီးထားတာဖြစ်တယ်လို့ ပြောပါတယ်။

ဒီလိုကင်မရာနှစ်လုံးဟာဆိုရင်တော့ Apple ရဲ့ iPhone 7 မှာ ပါဝင်လာမယ်လို့လည်း ထင်ကြေးပေးနေကြပြီး Huawei P9 မှာလည်း ပါဝင်လာနိုင်တယ်လို့ သတင်းတွေထွက်ရှိနေတာဖြစ်ပါတယ်။ ဒီဖုန်းမှာတော့ finger print sensor ဟာ P8 က လိုပဲ ပါဝင်လာမှာဖြစ်ပြီး P8 နဲ့ ဒီဇိုင်းပုံစံကွဲပြားသွားတာမျိုးတော့ မရှိဘူးလို့ သိရပါတယ်။

ပရော်ဆက်ဆာအနေနဲ့တော့ သူတို့ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ HiSilicon Kirin 950 octa-core processor ကို အသုံးပြုထားပြီး RAM အနေနဲ့တော့ 3GB သာပါဝင်လာမှာဖြစ်တယ်လို့လည်း သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : The Verge

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment