Powered by Blogger.

Samsung Galaxy S7 နဲ့ S7 Edge ဖုန်းတွေကို ထင်ထားတာထက်တောင် မှာယူမှုများပြားနေ



မကြာသေးခင်ကမှ ထွက်ရှိလာခဲ့တဲ့ Samsung Galaxy S7 နဲ့ S7 Edge ဖုန်းတွေဟာဆိုရင်တော့ ထင်ထားတာထက်တောင် မှာယူမှုတွေများပြားလျက်ရှိနေတယ်လို့ သိရပါတယ်။

 သူတို့ကို ထုတ်လုပ်တဲ့ နိုင်ငံဖြစ်တဲ့ တောင်ကိုးရီးယားနိုင်ငံမှာတော့ Samsung ရဲ့ ဒီဖုန်းနှစ်လုံးဟာ ရောင်းအားကျဆင်းလျက်ရှိပြီး Samsung Galaxy S6 ရဲ့ ပုံသဏ္ဍာန်တွေ လုပ်ဆောင်ချက်တွေနဲ့ တူညီလျက်ရှိနေတာကြောင့် အခုလို တောင်ကိုးရီးယားနိုင်ငံမှာ ရောင်းအားကျဆင်းသွားတာဖြစ်တယ်လို့ သိရပါတယ်။

ဖုန်းတစ်လုံးဝယ်ယူသူတိုင်းအတွက် Samsung VR Headset တစ်ယောက်တစ်ခုစီ လက်ဆောင်ပေးသွားမှာဖြစ်ပေမယ့်လည်း လာရောက်ဝယ်ယူမှုကတော့ တောင်ကိုးရီးယားမှာ ကျဆင်းနေလျက်ရှိပါတယ်။

တောင်ကိုးရီးယားမှာတော့ ဒီလိုရလဒ်တွေ ထွက်ပေါ်နေပေမယ့် Samsung Galaxy S7 နဲ့ S7 Edge တို့ကို ကမ္ဘာတစ်ဝှမ်းက ကြိုတင်မှာယူမှုအနေနဲ့တော့ ထင်ထားတာထက်တောင် များပြားလျက်ရှိနေပါတာပါ။ ဒီဖုန်းတွေကိုတော့ မနက်ဖြန်မှာ ကမ္ဘာတစ်ဝှမ်းကို စတင်ရောင်းချသွားမှာလည်း ဖြစ်ပါတယ်။

ဖုန်းရဲ့ တန်ဖိုးကတော့ အတော်လေးကို မြင့်မားပြီး တစ်ခြားဖုန်းတွေဖြစ်တဲ့ LG G5 နဲ့ iPhone 7 တို့ထက်တောင် ဈေးကြီးနေနိုင်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် ဈေးနှုန်းကြီးမြင့်သလောက် စွမ်းဆောင်ရည် ကောင်းမကောင်းဆိုတာကတော့ သင်တို့လက်ထဲရောက်ရှိမှ သိပါလိမ့်မယ်။

( Paing A K )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : BGR

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment