Powered by Blogger.

အလိုအလျောက်သန့်ရှင်းစနစ်ပါဝင်တဲ့ လေယာဉ်အိမ်သာအခန်းကို Boeing လေကြောင်းတီထွင်



Boeing လေကြောင်းလိုင်းဟာ သူရဲ့စီးပွားရေးလေကြောင်းလိုင်းအတွက် အထိအတွေ့မဲ့လုနီးပါး   အလိုအလျောက်သန့်ရှင်း အိမ်သာကိုတီထွင်လိုက်ပါတယ်။

လေယာဉ်အိမ်သာရဲ့ပထမဆုံး နမူနာမှာတော့ခရမ်းလွန်ရောင်ခြည်တွေကိုအသုံးပြုထားပြီး မျက်နှာပြင်ကပိုးမွှားတွေကို ၉၉.၉၉%သေစေနိုင်တယ်လို့ ဆိုပါတယ်။

ထိုအခန်းမှာ ထိစရာမလိုတဲ့ အိမ်သာ ၊ လက်ဆေးကန်တစ်ခုနဲ့လက်အခြောက်ခံစက်တွေပါဝင်မှာဖြစ်ပါတယ်။

“လေယာဉ်ပျံသန်းနေစဉ် အများသုံးအိမ်သာကို အသုံးပြုရတဲ့အခါ ကြုံတွေ့ရတဲ့အခက်အခဲတွေနဲ့ မွန်းကြပ်မှုတွေကို သက်သာစေဖို့ ကြိုးစားနေပါတယ်”လို့ boeingစီးပွားရေးလေကြောင်းလိုင်းရဲ့ ဒါရိုက်တာ ဂျီနဲ ယု (Jeanne Yu)က ဆိုပါတယ်။

“နမူနာပုံစံမှာ   အလင်းတွေကိုဖြန့်ကျက်ထားပြီး  အိမ်သာတစ်ခုလုံးကိုတပ်ဆင်ထားပါမယ် ဒါမှသာ ထိနိုင်တဲ့ မျက်နှာပြင်တွေဖြစ်တဲ့ အိမ်သာထိုင်ခုံ၊လက်ဆေးကန်နဲ့အပေါ်ကစင်တွေကို UV light တွေက လူတစ်ယောက်ထွက်သွားပြီးတိုင်း အလိုအလျောက်ဖြတ်သွားနိုင်မှာဖြစ်ပါတယ်။ဒီလိုသန့်စင်ပေးတာက ဘက်တီးရီးယားတွေသာမက မလိုလားအပ်တဲ့အနံ့အသက်တွေကိုပါ ဖယ်ရှားနိုင်ပါတယ်။

ယခုလက်ရှိအသုံးပြုထားတဲ့ UVနည်းပညာက သားရေနဲ့အိပ်ယာတွေလုပ်တဲ့အခါ ၊ လူတွေအတွက် အန္တရာယ်ပေးမယ့် ပိုးမွှားတွေကို သန့်စင်တဲ့အခါသုံးတဲ့ အလင်းလှိုင်းတွေနဲ့ကွာခြားပါတယ်။

UVအလင်းရောင်က ပိုးမွှားတွေကို ပေါက်ကွဲထွက်သွားအောင် ပြုလုပ်လိုက်တာပါ”လို့Boeingသုတေသနနဲ့နည်းပညာဌာနက အင်ဂျင်နီယာ ဂျမီ ချိုင်းရက် (Jamie Childress)က ဆိုပါတယ်။

အဆိုပါ ဒီဇိုင်းကို Commercial Airplanes Product Develpomentနဲ့ BR&Tတို့က စမ်းသပ်တီထွင်ပေးထားတာဖြစ်ပြီး Boeing လေကြောင်းလိုင်းအသစ်ကို မိတ်မဆက်ခင် ထုတ်လုပ်ပေးခဲ့တာပါ။အဆိုပါ အကြံဥာဏ်နဲ့အယူအဆအတွက် Crystal Cabin Awardအဖြစ် အကဲဖြတ်ခြင်းလည်းခံခဲ့ရပါတယ်။

(Beauty Syh)

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : UPI
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment