Powered by Blogger.

Amazon က စာဖတ်တက်ဘလက်အမျိုးအစား Kindle မော်ဒယ်သစ်ကို မကြာမီဖြန့်ချိမည်


နာမည်ကျော် Amazon ကတော့ “top of the line” လို့အမည်ရတဲ့ စာဖတ်တက်ဘလက်အမျိုးအစား Kindle မော်ဒယ်သစ်ကို လာမယ့်ရက်သတ္တပတ်အတွင်းမှာ ဖြန့်ချိသွားမယ်လို့ သိရပါတယ်။

Amazon ရဲ့ CEO ဖြစ်သူ Jeff Bezos ရဲ့ တွစ်တာမှာ ပြောကြားချက်အရ အခုလိုမျိုး Kindle မော်ဒယ်သစ်ကို ထုတ်လုပ်ဖို့ စဉ်းစားခဲ့ပြီး ဖြစ်ပြီး မကြာခင်မှာ ထွက်ရှိလာတော့မယ်လို့ ပြောကြားခဲ့တာပါ။

ဒီမော်ဒယ်သစ်ဟာ ရှစ်ဆက်မြောက် မော်ဒယ်သစ်ဖြစ်ပြီး ခုနစ်ဆက်မြောက် Kindle Voyage နောက်ပိုင်းမှာ ထွက်ရှိလာမယ့် Kindle ဖြစ်ပါတယ်။ ဒီ Kindle ဟာ ဆိုရင်တော့ အရင် Kindle အမျိုးအစားတွေထက် ကောင်းမွန်လာမှာဖြစ်ပြီး ပိုပြီးပါးလွှာလာဖွယ်ရှိနေပါတယ်။

ဖြုတ်လို့ တပ်လို့ရတဲ့ ဘက်ထရီဟာ ဆိုလာစနစ်နဲ့ အားသွင်းမှုကိုလည်း ထောက်ပံ့ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီ Kindle နောက်တစ်ပတ်မှာ မိတ်ဆက်မလားဆိုတာကတော့ မသေချာသေးပေမယ့်လည်း ကုမ္ပဏီကတော့ ကြေညာဖို့ အသင့်အနေအထားဖြစ်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီပွဲမှာတော့ Amazon က တစ်ခြား ပစ္စည်းတွေကိုလည်း ဆက်လက်မိတ်ဆက်သွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : The Verge

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment