Powered by Blogger.

တွစ်တာက Tweets တွေကို မက်ဆေ့ခ်ျအနေနဲ့ ဝေမျှနိုင်မယ့် button သစ်ကို ထည့်သွင်း


တွစ်တာကတော့ tweet တွေကို message အနေနဲ့ အလွယ်တကူပြောင်းလဲပြီး ပို့ပေးသွားမယ့် button သစ်ကို ထည့်သွင်းလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ Retweet နဲ့ Like ခလုပ်တွေရဲ့ဘေးနားမှာ message သင်္ကေတအငယ်စားလေးပါဝင်နေတော့မှာဖြစ်ပြီး tweet တွေကို direct message အနေနဲ့ ပြန်လည်ဝေမျှနိုင်မှာဖြစ်ပါတယ်။

ဒီလို button အသစ်ဟာဆိုရင်တော့ tweet တွေကို နှစ်ယောက်ကြား လျှို့ဝှက်ပြောကြားချင်တဲ့ သူတွေအတွက်တော့ အဆင်ပြေသါားစေမှာဖြစ်ပါတယ်။

တွစ်တာကတော့ အခုလိုမျိုး လျှို့ဝှက်စွာနဲ့ tweet တွေကို share လာတာဟာဆိုရင်တော့ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ၂၀၀ ရာနှုန်းအထိ ခုန်တက်လာခဲ့တာကြောင့် အခုလိုမျိုး လုပ်ဆောင်ချက်သစ်ကို ထည့်သွင်းဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

Private message အသုံးပြုမှုဟာလည်း ၂၀၁၅ ခုနှစ်အတွင်းမှာ ၂၀ ရာနှုန်းအထိ တိုးတက်လာခဲ့တယ်လို့ တွစ်တာကပြောပါတယ်။ ဒီလို tweets တွေကို DM အနေနဲ့ ပြောင်းလဲနိုင်မယ့် button သစ်ဟာဆိုရင်တော့ Android ရော iOS မှာပါ အသုံးပြုနိုင်ပြီလည်း ဖြစ်ပါတယ်။

တွစ်တာဟာဆိုရင်တော့ message တွေအတွက် အမိုက်စားလုပ်ဆောင်ချက်သစ်တွေကို ပေါင်းထည့်ပေးခဲ့ပြီး Facebook နဲ့ WhatsApp တို့လိုမျိုး GIF ပို့ဆောင်တာတွေ ၊ Group အတွင်းမှာ နောက်ထပ် message တွေကို ထပ်တိုးပို့ဆောင်နိုင်တာမျိုးတွေကို ပြုလုပ်နိုင်နေပြီဖြစ်ပါတယ်။


( Paing A K )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : Independent


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment