Powered by Blogger.

Apple က နောက်ဆုံးထွက် Retina MacBook ကို မိတ်ဆက်ပြသ



Apple ကတော့ သူတို့ရဲ့ နောက်ဆုံးထွက် လက်ပ်တော့ဖြစ်တဲ့ Retina MacBook ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

 ဒီ MacBook မှာဆိုရင်တော့ ပိုပြီး မြန်ဆန်ကောင်းမွန်လာတဲ့ နောက်ဆုံးထွက် Intel ပရော်ဆက်ဆာ ၊ ပိုပြီး မြန်ဆန်သိမ်းဆည်းနိုင်တဲ့ Flash storage နဲ့ အချိန်ပိုမိုကြာမြင့်စွာ အသုံးပြုနိုင်မယ့် ဘက်ထရီတွေပါဝင်လာပါတယ်။ အင်မတန် ပါးလွှာပြီး သေသပ်တဲ့ ဒီဇိုင်းမှာ နောက်ထပ်ဖြည့်စွက်လိုက်တာကတော့ ဒီ MacBook ဟာ Rose Gold အရောင်နဲ့ပါ ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။


မျက်နှာပြင် အကျယ် ၁၂ လက်မရှိပြီး အပြင်ပန်းပုံသဏ္ဍာန်ကတော့ ပြောင်းလဲမှု ကြီးကြီးမားမားမရှိခဲ့တာကို တွေ့ရပါတယ်။ ၁၃.၁၁ မီလီမီတာသာ ထူတဲ့ အောက်ခံကိုယ်ထည်ကလည်း အရင်လိုပဲဖြစ်ပြီး edge-to-edge ကီးဘုတ်နဲ့ ပန်ကာမဲ့ဒီဇိုင်းတွေက် MacBook ရဲ့ အားသာချက်တွေပဲဖြစ်ပါတယ်။ Display ကတော့ 2304×1440 pixels Retina Display ကို အသုံးပြုထားပါတယ်။

ပရော်ဆက်ဆာကတော့ Intel ရဲ့ နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ ခြောက်ဆက်မြောက် dual-core Intel Core M ပရော်ဆက်ဆာဖြစ်ပြီး လုပ်အားနှုန်းကလည်း 1.3 GHz အထိရှိလာတာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် 3.1 GHz အထိ လုပ်အားနှုန်းမြှင့်တက်သွားစေမယ့် Turbo Boost Speed လည်း ပါဝင်လာပါတယ်။

Intel HD Graphics 515 ကြောင့် ဂရပ်ဖစ်အနေနဲ့လည်း ၂၅ ရာနှုန်းအထိ တိုးတက်လာတာကိုတွေ့ရမှာပါ။ ကြိုးမဲ့ အင်တာနက်အသုံးပြုနိုင်မှုကိုလည်း ဆယ်နာရီကြာအထိ အလုပ်လုပ်နိုင်မှာဖြစ်ပြီး iTunes ရုပ်ရှင် playback ကိုလည်း ၁၁ နာရီလောက်ထိကို တိုးချဲ့အသုံးပြုနိုင်မှာပါလို့ ဆိုပါတယ်။

ဒီ MacBook ဟာဆိုရင်တော့ 1.1 GHz dual-core Intel Core m3 processor နဲ့ Turbo Boost  2.2 GHz memory 8GB နဲ့ flash storage  256GB ရှိတဲ့အမျိုးအစားကိုတော့ 1,049 ပေါင် သတ်မှတ်ထားပြီး ၊ 1.2 GHz dual-core Intel Core m5 processor နဲ့ Turbo Boost  2.7 GHz , memory 8GB နဲ့ flash storage 512GB ရှိ အမျိုးအစားကတော့ 1299 ပေါင် အထိ ဈေးနှုန်းသတ်မှတ်ထားပါတယ်။

( Paing A K )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : Express



Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment