Powered by Blogger.

Acer က ကမ္ဘာ့အကြီးမားဆုံး ဘက်ထရီပမာဏပါဝင်လာတဲ့ ဖုန်းကိုထုတ်လုပ်


လက်ပ်တော့ကွန်ပျူတာတွေကိုသာမကပဲ ဖုန်းတွေကိုပါ ထုတ်လုပ်နေတဲ့ Acer ဟာ တစ်ခြားသောဖုန်းတွေထက် သာလွန်စေမယ့် ဖုန်းတစ်လုံးကို ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။ Acer Liquid Zest Plus လို့ အမည်ပေးထားတဲ့ ဒီဖုန်းမှာဆိုရင်တော့ လက်ရှိစမတ်ဖုန်းလောကမှာ အကြီးမားဆုံး ဘက်ထရီပမာဏဖြစ်တဲ့ 5000 mAh ဘက်ထရီကို အသုံးပြုထားတာပါ။

၅.၅ လက်မရှိတဲ့ မျက်နှာပြင်ကျယ် ဖုန်းတစ်လုံးဖြစ်ပြီး 1920×1080 pixels မျက်နှာပြင်ပြသမှုကို အသုံးပြုထားပါတယ်။ ကင်မရာအနေနဲ့တော့ 13 MP ရှိပြီး လေဆာချိန်ညှိနည်းပညာကို အသုံးပြုထားပါတယ်။

ဒီဖုန်းရဲ့ ဆယ်လ်ဖီကင်မရာအနေနဲ့ကတော့ 5 MP ပါဝင်မယ်လို့ သိရပါတယ်။

ပရော်ဆက်ဆာအနေနဲ့တော့ MediaTek MT6735 ကို အသုံးပြုထားပြီး RAM 2 GB နဲ့ ပါရင်းစွဲသိုလှောင်နိုင်မှုကတော့ 16 GB ရှိပါတယ်။ OS ကတော့ Android 6.0 Marshmallow ကို အသုံးပြုထားတာပါ။

LG G5 , HTC 10 , iPhone 6S နဲ့ Samsung Galaxy S7 Edge တို့ထက် ဘက်ထရီပမာဏကြီးမားတဲ့ ဒီဖုန်းကိုတော့ ဒေါ်လာ ၂၅၀ အောက် ပမာဏနဲ့ ရရှိနိုင်မှာဖြစ်တာကြောင့် သင့်တော်တဲ့ နှုန်ုးထားတစ်ရပ်နဲ့ ရရှိနိုင်မှာပါ။ နှစ်ရက်ဆက်တိုက် အသုံးပြုလို့ရတယ်လို့ Acer က ဆိုထားပြီး ဘက်ထရီကြီးမားတာကြောင့် တစ်ခြားလုပ်ဆောင်ချက်တွေက နှေးကွေးနေမှာ မဟုတ်ဘူးလို့လည်း Acer က အာမခံထားပါတယ်။

( Paing A K )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : Digital Trends

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment