Powered by Blogger.

Facebook က မျက်မမြင်တွေအတွက် ပို့စ်နဲ့ ဓာတ်ပုံတွေရဲ့ အသေးစိတ်အကြောင်းတွေကို ပြောပြမယ့်လုပ်ဆောင်ချက်ကို မိတ်ဆက်



Facebook ကတော့ ကမ္ဘာပေါ်မှာရှိတဲ့ လူတိုင်းအတွက် သူတို့ရဲ့ လူမှုကွန်ရက်ကိုအသက်ဝင်အောင်ပြုလုပ်နေလျက်ရှိပါတယ်။

အခုတစ်ခါမှာတော့ Facebook က မျက်မမြင်အသုံးပြုသူတွေအတွက် ပို့စ်ရဲ့အကြောင်းအရာတွေ ၊ ဓာတ်ပုံထဲမှာ ဘာတွေပါဝင်နေပြီး ဘာအကြောင်းကို ရည့်ရွယ်ထားတယ်ဆိုတဲ့ အကြောင်းအရာတွေကို မျက်မမြင်အသုံးပြုသူတွေကို ပြောပြမယ့် လုပ်ဆောင်ချက်သစ်ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

အရင်ကာလတွေတုန်းကတော့ Facebook ဟာ မျက်မမြင်တွေအတွက် screen reader လုပ်ဆောင်ချက်ကို ထည့်သွင်းပေးထားခဲ့ပြီး status ရဲ့ အခြေအနေနဲ့ ဘယ်အချိန် ဘယ်နေရာကတင်သွားတယ်ဆိုတာကိုပဲ ဖတ်ပြနိုင်ခဲ့တာပါ။

အခုဆိုရင်တော့ လုပ်ဆောင်ချက်သစ်ကြောင့် screen reader ဟာ ပို့စ်ကို ဘယ်အချိန်မှာ ဘယ်သူတင်သွားတယ်ဆိုတာကို ဖတ်ပြသွားမှာဖြစ်ပြီး reaction ဘယ်လောက်ရှိတယ် ၊ ကွန်မန့်က ဘယ်လောက် ၊ share က ဘယ်လောက် အစရှိသဖြင့် ပြောဆိုပေးသွားမှာဖြစ်ပြီး ၊ ဥပမာအနေနဲ့ ပီဇာပုံတင်ထားတယ်ဆိုရင်လည်း "ပုံထဲမှာ ပီဇာတစ်ခု ဘယ်လိုအနေအထားနဲ့ ပါဝင်ပါတယ်"လို့ ပုံဖော်ပြောကြားပေးသွားမှာဖြစ်ပါတယ်။

ဒီလုပ်ဆောင်ချက်ကိုတော့ အလိုအလျောက်စာသားအဖြစ်ပြောင်းလဲဖော်ပြမှု (Automatic alternative text) လို့အမည်ပေးထားပြီး AI program တစ်ခုပုံစံမျိုးဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာဆိုရင်တော့ iOS ဗားရှင်းတွေမှာပဲ အသက်ဝင်သွားအုံးမှာဖြစ်တယ်လို့လည်း သိရပါတယ်။


( Paing A K )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : Engadgets


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment