Powered by Blogger.

Xiaomi က iPhone SE ထက် စွမ်းဆောင်ရည်သာလွန်တဲ့ ဖုန်းတစ်လုံးကို ထုတ်လုပ်ဖို့ စီစဉ်နေ


အခုတစ်လောမှာ နည်းပညာလောကမှာ လူပြောများနေတာက iPhone SE ပါပဲ။ ဒါပေမယ့် နည်းပညာလောကရဲ့ အသစ်အသစ်သောအရာတွေဟာ အလွန်ဆုံးတစ်လလောက်ပဲ အသစ်ဖြစ်နေတတ်ပြီး နောက်ပိုင်းကာလတွေမှာ ဒီအသစ်ဖြစ်ပါတယ်ဆိုတဲ့ ဖုန်းတွေရဲ့ စွမ်းဆောင်ရည်တွေကို ကျော်ဖြတ်ပြီး နောက်ထပ်အကောင်းဆုံးဖုန်းတွေ ထွက်ရှိလာကြပါတယ်။

အခုဆိုရင်တော့ Xiaomi က iPhone SE ကိုယှဉ်ပြိုင်နိုင်ဖို့အတွက် Mi 5 mini ဆိုတဲ့ ဖုန်းတစ်လုံးထုတ်လုပ်ဖို့ စီစဉ်နေပြီး လေးထောင့်ကျကျနဲ့ ၄.၃ လက်မအရွယ်ရှိမယ်လို့ ခန့်မှန်းရပါတယ်။

မျက်နှာပြင်အကျယ် ၄.၃ လက်မမှာတော့ 1280×720 pixel ရုပ်ထွက်နဲ့ ပြသသွားမှာဖြစ်ပြီး ပရော်ဆက်ဆာအနေနဲ့တော့ Snapdragon 820 processor ကို အသုံးပြုထားပြီး RAM အနေနဲ့ 3 GB နဲ့ သိုလှောင်နိုင်မှု ပမာဏ 32 GB အထိပါဝင်မှာ ဖြစ်ပါတယ်။ ကင်မရာအနေနဲ့တော့ 13 MP ကင်မရာကို အသုံးပြုထားပြီး ဈေးနှုန်းအနေနဲ့ ၂၇၆ ဒေါ်လာရှိနိုင်ပါတယ်။

iPhone SE ဟာဆိုရင်တော့ မျက်နှာပြင်ပြသမှုမှာ 1,136x640 pixel ကို အသုံးပြုထားပြီး Apple ကိုယ်ပိုင် A9 ပရော်ဆက်ဆာ ၊ 2 GB RAM နဲ့ သိုလှောင်နိုင်မှုကတော့ အနိမ့်ဆုံး 16 GB အထိရှိပါတယ်။ ကင်မရာကတော့ 12 MP ရှိပြီး အနိမ့်ဆုံးဈေးနှုန်း ၃၉၉ ဒေါ်လာကနေစတင်တာပါ။

Xiaomi ရဲ့ အခု Mi 5 mini ကတော့ ဖေဖော်ဝါရီလအတွင်းက ထွက်ရှိပြီး အောင်မြင်မှုတွေရခဲ့တဲ့ Mi 5 ကို အခြေခံပြုလုပ်ထားပြီး Apple ရဲ့ iPhone တွေကို လိုက်လံယှဉ်ပြိုင်နေတဲ့ ပြိုင်ဘက်ကောင်းတစ်ယောက်အဖြစ် Xiaomi  က ရပ်တည်လျက်ရှိပါတယ်။


( Paing A K )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : Mashable

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment