Powered by Blogger.

ပေးရတဲ့ ဈေးနဲ့ အရမ်းတန်တဲ့ Meizu M3 Note စမတ်ဖုန်း


Meizu ကတော့ လူတိုင်းအတွက် အသင့်တော်ဆုံးဈေးနှုန်းတစ်ရပ်နဲ့ စွမ်းဆောင်ရည်အမြင့်စားဖုန်းတစ်လုံးကို မိတ်ဆက်ပြသလိုက်ပြီဖြစ်ပါတယ်။ Meizu M3 Note လို့ နာမည်ပေးထားတဲ့ ဒီဖုန်းဟာဆိုရင်တော့ တရုတ်နိုင်ငံမှာ လူကြိုက်များနေတဲ့ ဖုန်းတစ်လုံးဖြစ်ပြီး ပေးရတဲ့ ဈေးနဲ့ သုံးရတဲ့ဖုန်းက တန်လွန်းတယ်လို့ သုံးစွဲသူတွေက ဆိုပါတယ်။

၅.၅ လက်မအကျယ်ရှိတဲ့ မျက်နှာပြင်ကျယ်ဖုန်းတစ်လုံးဖြစ်တာကြောင့် ဂိမ်းကစားတဲ့သူတွေအတွက် အထူးသင့်လျော်စေမှာပါ။ မျက်နှာပြင်ပြတ်သားမှုကလည်း 1920×1080 pixel အထိရှိတာကြောင့် ရုပ်ထွက်လည်း  တော်တော်ကောင်းမယ့် ဖုန်းတစ်လုံးဖြစ်ပါတယ်။

ဖုန်းရဲ့ လုပ်ဆောင်ချက်တွေကို အဓိက မြန်ဆန်စေတဲ့ ပရော်ဆက်ဆာအနေနဲ့တော့ octa-core MediaTek Helio P10 ကို အသုံးပြုထားပြီး Cortex-A53 CPU Core ရှစ်ခုအထိ ထောက်ပံ့ပေးထားတာက သင့်ရဲ့ ဖုန်းအမြန်နှုန်းကို 1.8 GHz နဲ့ 1 GHz အထိ ရောက်ရှိသွားစေမှာပါ။


ဘက်ထရီအနေနဲ့လည်း 4100 mAh အထိအသုံးပြုထားတာကြောင့် နာရီပေါင်းများစွာ အသုံးပြုလို့ရစေမှာဖြစ်ပြီး နောက်ဆုံးထွက်ရှိလာတဲ့ Huawei P9 ရဲ့ 3000 mAh ထက်တောင် ပိုပြီးသာလွန်နေတာကို တွေ့ရပါတယ်။ Meizu M3 Note မှာဆိုရင်တော့ Edition နှစ်မျိုးနဲ့ 2GB RAM နဲ့ ဖုန်းမှာတော့ storage 16GB ပါဝင်လာမှာဖြစ်ပြီး 3GB RAM နဲ့ ဖုန်းမှာတော့ storage 32GB ပါဝင်လာမှာပါ။ SD card လည်း ထပ်စိုက်လို့ရပါတယ်။

ကင်မရာအနေနဲ့တော့ ကျောဘက်ကင်မရာက 13 MP ပါဝင်လာမှာဖြစ်ပြီး PDAF auto-focus စနစ်ပါဝင်လာပါတယ်။ selfie ကင်မရာကတော့ 5 MP ရှိပါတယ်။ Meizu M3 Note  ရဲ့ Home button မှာ fingerprint sensor ပါဝင်လာမှာဖြစ်ပြီး မျက်နှာပြင်ဖန်သားကတော့ 2.5D ဖန်ကို အသုံးပြုထားပါတယ်။
ကိုယ်ထည်ကတော့ အလူမီနီယမ်ဖြစ်ပါတယ်။

အရောင်ကတော့ အဖြူ ၊ အမည်း ၊ မိုးပြာနဲ့ ပန်းရောင်ဆိုပြီး အရောင်လေးမျိုးနဲ့ ရရှိမှာဖြစ်ပြီး  ဈေးနှုန်းအနေနဲ့တော့ 2GB RAM မှာ ၁၂၅ ဒေါ်လာ (မြန်မာငွေ တစ်သိန်းခွဲ) နဲ့ 3GB RAM မှာ ၁၅၅ ဒေါ်လာ (မြန်မာငွေ တစ်သိန်းရှစ်သောင်း) အသီးသီး ကျသင့်မှာဖြစ်ပါတယ်။

( Paing A K )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : Android Authority

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment