Powered by Blogger.

တာလီဘန်လက်နက်ကိုင်တွေရဲ့ ဝါဒဖြန့်ချိရေးအက်ပလီကေးရှင်းကို Google Play Store က ဖျက်ချပစ်ခဲ့


တာလီဘန်လက်နက်ကိုင်တွေရဲ့ ဝါဒဖြန့်ချိရေး အက်ပလီကေးရှင်းကို ထုတ်လုပ်ပြီးမကြာခင်မှာပဲ Google Play Store က ဖျက်ချပစ်ခဲ့တယ်လို့ သိရပါတယ်။ ပတ်စ်ထိုဘာသာစကားကို အသုံးပြုထားတဲ့ ဒီအက်ပလီကေးရှင်းဟာ “ပတ်စ်ထို အာဖဂန်သတင်းများ-alemarah” လို့အမည်ရပြီး အသုံးပြုသူတွေဆီကို ဝါဒဖြန့် ဗီဒီယိုတွေ လွှင့်တင်ဖို့ စီစဉ်ထားတဲ့ ဝက်ဘ်ဆိုက်ဖြစ်တယ်လို့ သိရပါတယ်။

ဘလွန်းဘာ့ဂ်သတင်းတွေရဲ့ အဆိုအရတော့ တာလီဘန်တွေဟာ တိုးတက်လာတဲ့နည်းပညာတွေနဲ့အတူ တစ်ကမ္ဘာလုံးကို ဝါဒဖြန့်သွားဖို့ ကြွေးကြော်ထားတယ်လို့ သိရပါတယ်။ အမေရိကန်မှာ ရှိတဲ့ ဂျီဟာ့ဒ်အဖွဲ့ဝင်တွေကို စောင့်ကြည့်နေတဲ့ အဖွဲ့အစည်းကတော့ ဒီအက်ပလီကေးရှင်းဟာ ဧပြီလ ၁ ရက်နေ့က ထွက်ပေါ်လာခဲ့တာဖြစ်ပြီး နောက်တစ်နေ့မှာပဲ နည်းပညာပိုင်းအားနည်းချက်လို့ အကြောင်းပြပြီး Google Play Store က ဖျက်ချပစ်ခဲ့တာဖြစ်ပါတယ်။

BBC ကတော့ Google Play Store ရဲ့ စည်းမျဉ်းတွေကြောင့် ဒီ app ကို ဖြုတ်ချခဲ့တာလို့ဆိုပြီး မုန်းတီးရေးဝါဒတွေနဲ့ တစ်ခြားသူတစ်ပါးကို ထိခိုက်စေတဲ့အကြောင်းအရာတွေ ပါဝင်နေလို့ဖြစ်တယ်လို့ ဆိုပါတယ်။ တာလီဘန်တွေဟာဆိုရင်တော့ အာဖဂန်နစ္စတန်နိုင်ငံကို ၁၉၉၆ ကနေ ၂၀၀၁ ခုနှစ်အထိ အင်တာနက်လိုင်းတွေဖြတ်တောက်ထားခဲ့ပြီးတဲ့နောက်ပိုင်း သူတို့ဟာ ဘာသာရေးအစွန်းရောက်တွေ မဟုတ်ကြောင်းကြေညာခဲ့ပါတယ်။

ဒီလိုကြေညာပြီးနောက်ပိုင်းမှာတော့ တာလီဘန်တွေဟာ အင်တာနက်ကို အသုံးပြုပြီး ဝါဒဖြန့်ချိရေးတွေ ပြုလုပ်မှုတွေ စတင်လာခဲ့တယ်လို့လည်း သိရပါတယ်။


( Paing A K )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : Independent


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment