Powered by Blogger.

Samsung က Gear S3 စမတ်နာရီကို လာမယ့် စက်တင်ဘာလအတွင်းမှာ မိတ်ဆက်ဖွယ်ရှိ



Samsung ဟာဆိုရင်တော့ သူတို့ရဲ့ နောက်ထွက်လာမယ့် စမတ်နာရီအတွက် တီထွင်မှုတွေပြုလုပ်နေတယ်လို့ သိရပြီး ဒီနာရီကို တန်ဖိုးကြီးလက်ပတ်နာရီအနေနဲ့ပါ နောက်ပိုင်းမှာ ထုတ်လုပ်သွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။

Samsung ဟာဆိုရင်တော့ Gear S2 ကို ထုတ်လုပ်ခဲ့တုန်းကလည်း တန်ုဖိုးကြီး လက်ဝတ်လက်စားတွေ ထုတ်လုပ်တဲ့ နာမည်ကျော် ဆွစ်ဇာလန်ကုမ္ပဏီတစ်ခုဖြစ်တဲ့ de Grisogono နဲ့ လက်တွဲပြီး Gear S3 စိန်စီစမတ်နာရီကို ထုတ်လုပ်ခဲ့ဖူးပါတယ်။ အဲ့ဒီနာရီရဲ့ တန်ဖိုးကတော့ တစ်လုံးကို ဒေါ်လာတစ်သောင်းခွဲ ဝန်းကျင်ကျသင့်ခဲ့ပြီး အလုံးရေ ၁၀၀ သာ ကန့်သတ်ရောင်းချခဲ့တာဖြစ်ပါတယ်။

Gear S3 ကိုလည်း တန်ဖိုးကြီးနာရီအသွင်ပြောင်းရောင်းချဖို့ကိုလည်း de Grisogono နဲ့အကြိုသဘောတူညီမှုရရှိထားပြီးဖြစ်ပြီး ၂၀၁၇ အတွင်းမှာ ထုတ်လုပ်ရောင်းချဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Samsung ဟာ Gear S2 တုန်းကတော့ နည်းပညာပိုင်းဆိုင်ရာ ချွတ်ယွင်းမှုတစ်ချို့ကို ကြုံတွေ့ခဲ့ရပြီး နောက်ထွက်ရှိလာမယ့် Gear S3 မှာတော့ အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ထည့်သွင်းပေးသွားမယ်လို့ သိရပါတယ်။

Gear S3 ရဲ့ အဆင့်မြှင့်လာမယ့် လုပ်ဆောင်ချက်သစ်တွေကို မသိရသေးပေမယ့်လည်း လာမယ့် စက်တင်ဘာလအတွင်း ဘာလင်မှာကျင်းပမယ့် IFA နည်းပညာပြပွဲမှာ စတင်မိတ်ဆက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Digital Trends

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment