Powered by Blogger.

Blackberry Priv ဖုန်းများတွင် Android Marshmallow OS ကို စတင် အသုံးပြုရန်သေချာ


Blackberry ရဲ့ Priv ဖုန်းတွေဟာဆိုရင်တော့ မေလ သုံးရက်နေ့ကနေစပြီး Android Marshmallow OS ကို တရားဝင် အသုံးပြုသွားနိုင်တော့မှာဖြစ်ပါတယ်။ ဒီ OS ကိုသာ အသုံးပြုသွားမယ်ဆိုရင်တော့ Blackberry ဖုန်းတစ်ခုလုံးမှာ Update ဖြစ်ပြီးသား အက်ပလီကေးရှင်းတွေနဲ့ ပြည့်နှက်နေတော့မှာပါ။

အဓိက အနေနဲ့တော့ ဖုန်းရဲ့ ကီးဘုတ်အပိုင်းတွေက ပြောင်းလဲမှု ကြီးကြီးမားမားတွေဖြစ်လာနိုင်ပြီး ပွတ်ဆွဲစာရိုက်နိုင်တဲ့ လုပ်ဆောင်ချက်တွေလည်း လုပ်ဆောင်နိုင်တော့မှာဖြစ်ပါတယ်။ Blackberry Priv ဖုန်းတွေဟာ Digital ကီးဘုတ်နဲ့ Physical ကီးဘုတ်နှစ်မျိုးပါဝင်တာကြောင့် Digital ကီးဘုတ်မှာ ပွတ်ဆွဲစာရိုက်နိုင်တဲ့ လုပ်ဆောင်ချက်နဲ့ စာလုံးခန့်မှန်းတဲ့ လုပ်ဆောင်ချက်တွေကို ပြုလုပ်လာနိုင်ပြီး Physical ကီးဘုတ်မှာတော့ စာလုံးခန့်မှန်းတဲ့ လုပ်ဆောင်ချက်က အသက်ဝင်သွားမှာဖြစ်ပါတယ်။

ဒါ့အပြင် emoji ပုံလေးတွေ ၂၀၀ လောက်အထိလည်း ဒီကီးဘုတ်မှာ ပါဝင်ဖွယ်ရှိနေပါတယ်။
Android Marshmallow OS သုံး Blackberry Priv ဖုန်းတွေမှာတော့ အရင်ရှိပြီးသားဖြစ်တဲ့ Blackberry ရဲ့ လုပ်ဆောင်ချက်တွေ ဆက်လက်ပါဝင်လာမှာပါ။

ပထမအနေနဲ့တော့ App permission တွေကို ကိုယ်တိုင်ကိုယ်ကျ ထိန်းချုပ်နိုင်တဲ့ လုပ်ဆောင်ချက်တွေ၊ အသုံးမပြုဖြစ်တာကြာနေပြီဖြစ်တဲ့ အက်ပလီကေးရှင်းတွေကို ဘက်ထရီသက်သာစေဖို့ ပိတ်ပစ်တဲ့လုပ်ဆောင်ချက် ၊ ဗီဒီယိုရိုက်တာကို slow motion နဲ့ သာမန်နှစ်မျိုးစလုံးရိုက်လို့ရတဲ့ လုပ်ဆောင်ချက်နဲ့  သင့်ဖုန်းမှာ လုံခြုံရေးပိုင်းဆိုင်ရာ သံသယဖြစ်လာရင် သတိပေးချက်လှမ်းပို့တဲ့ လုပ်ဆောင်ချက်တွေကတော့ အပြောင်းအလဲမရှိဘဲ  Android Marshmallow OS  မှာလည်း ဆက်လက်ပါဝင်လာမှာဖြစ်တယ်လို့ သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : The Verge

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment