Powered by Blogger.

ထွက်ရှိလာမယ့် Xiaomi Mi Band 2 ရဲ့ ပုံရိပ်တွေပေါက်ကြားလာခဲ့



Xiaomi ကတော့ အခုတစ်လောမှာ ပေါက်ကြားတာတွေ အတော်များနေခဲ့ပါတယ်။ အခုတစ်ကြိမ်ကတော့ Xiaomi  CEO ဖြစ်သူရဲ့ ဓာတ်ပုံထဲကနေ Mi Band 2 လို့ထင်ရတဲ့ ပုံရိပ်တွေ ပေါက်ကြားလာခဲ့ပါတယ်။

Xiaomi ရဲ့ CEO ဖြစ်တဲ့သူ လီကျန်းဟာဆိုရင်တော့ သူ့ရဲ့ ပေါက်ကြားလာတဲ့ ပုံထဲမှာတော့ လက်မှာ Mi Band 2 လို့ ထင်ရတဲ့ လက်ပတ်တစ်ခုကို ဝတ်ဆင်ထားပြီး LCD display နဲ့ နှိပ်လို့ရနိုင်တဲ့ ခလုတ်တစ်ခုလည်း ပါဝင်လာခဲ့တာကို တွေ့ရပါတယ်။




ပထမဆုံးထွက်ရှိထားတဲ့ Mi Band မှာဆိုရင်တော့ ဘာမျက်နှာပြင်မှ ပါဝင်မှုမရှိဘဲ ကိုယ့်ရဲ့ ကျန်ုးမာရေး အခြေအနေတွေဖြစ်တဲ့ နှလုံးခုန်နှုန်း ၊ ဒီနေ့ဘယ်လောက်လမ်းလျှောက်ခဲ့သလဲ စတာတွေကို ဖုန်းနဲ့ချိတ်ဆက်ပြီးသာ ကြည့်ရှုနိုင်တာဖြစ်ပါတယ်။

 ဒါကို Mi Band 2 မှာ ပြင်ဆင်လိုက်တဲ့ ပုံပေါ်ပြီး ကိုယ့်ရဲ့ ကျန်ုးမာရေး အခြေအနေတွေကို LCD မျက်နှာပြင်ပေါ်မှာ တစ်ခါတည်း ကြည့်ရှုလို့ရမယ့် အနေအထားကို ပြန်ပြင်ဆင်လိုက်တာပါ။

အရင်ဆုံးထုတ်လုပ်ခဲ့တဲ့ Mi Band ကတော့ ဈေးနှုန်းအနေနဲ့ ၁၅ ဒေါ်လာသာ ကျသင့်ခဲ့တာဖြစ်ပါတယ်။


( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Android Authority


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment