Powered by Blogger.

နည်းပညာလုပ်ငန်းများ တည်ရှိရာ Silicon တောင်ကြားမှာ ရေလွှမ်းမိုးမှု အန္တရာယ် ကြုံတွေ့ရဖွယ်ရှိ



ကမ္ဘာကြီး ပူနွေးလာမှုရဲ့  ရလဒ်အဖြစ် တစ်ကမ္ဘာလုံးကနေရာတိုင်းမှာ ပင်လယ်ရေ မျက်နှာပြင်မြင့်တက်မှု ပြဿနာ ကို ကြုံတွေ့နေရသလိုပဲ ကမ္ဘာ့ထိပ်တန်း နည်းပညာ လုပ်ငန်းများ တည်ရှိရာ Silicon တောင်ကြား ဒေသ ဟာလည်း ရေလွှမ်းမိုးမှု အန္တရာယ်ကို ကြုံတွေ့ရဖွယ်ရှိနေပါတယ်။

သိပ္ပံပညာရှင်တွေရဲ့  ခန့်မှန်းမှုအရတော့ ဆန်ဖရန်ဆစ္စကို မြို့ ရဲ့  ပင်လယ်အော် ဧရိယာ ဖြစ်တဲ့ Silicon တောင်ကြားဟာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှု အန္တရာယ်ကို ကြုံတွေ့ရနိုင်တယ်လို့ The Guardian သတင်းဌာန ရဲ့  ဖော်ပြချက်အရ သိရပါတယ်။

ထို အန္တရာယ်တွေထဲမှာမှ Silicon တောင်ကြားမှာရှိတဲ့ Facebook ရုံးအသစ် ဟာ အန္တရာယ်ရှိမှုနှုန်း အမြင့်မားဆုံး ဖြစ်တယ်လို့လည်း သိရပါတယ်။ Facebook ရုံးရဲ့  ဧရိယာဟာ ၄၃၀,၀၀၀ စတုရန်းပေ ကျယ်ဝန်းပြီး ၉ ဧက ကျယ်ဝန်းတဲ့ ပန်းခြံနဲ့ ခေါင်မိုးတစ်ခုလည်း တည်ရှိ နေပါတယ်။

“Facebook က အန္တရာယ် အရှိဆုံးပါ။သူတို့ဟာ မြေနိမ့်ပိုင်းအရမ်းရောက်ပါတယ်။ သူတို့ဘာလို့ အဲဒီနေရာမှာ တည်ဆောက်ခဲ့လဲတော့ မသိဘူး။” လို့ ကယ်လီဖိုးနီးယား ပင်လယ်အော် ထိန်းသိမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကော်မရှင် ရဲ့  စီနီယာ စီမံကိန်းရေးဆွဲသူ တစ်ဦးဖြစ်တဲ့ Lindy Lowe က ဆိုပါတယ်။

ဒါ့အပြင် တောင်ရဲ့ မြင်ကွင်းအကောင်းဆုံးနေရာမှာတည်ရှိတဲ့ Google ရဲ့  ရုံးခန်းနဲ့ နည်းပညာကုမ္မဏီ Cisco တို့ရဲ့  ရုံးချုပ်တွေဟာလည်း အန္တရာယ်ရှိတဲ့ အထဲမှာ ပါဝင်နေပါတယ်။

 ဒါ့အပြင် အဲ့ဒီ ပင်လယ်အော် ဒေသ တစ်ဝိုက်မှာ တည်ရှိတဲ့ ဒေါ်လာ ၁၀၀ ဘီလျံ တန်ဖိုးရှိတဲ့ အိုးအိမ် အဆောက်အဦး အမြောက်အများဟာလည်း ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုနဲ့ မုန်တိုင်း ဒဏ်တွေကို ခံရနိုင်တယ်လို့ ထို သိပ္ပံပညာရှင် အဖွဲ့ က ထုတ်ပြန်ထားပါတယ်။


( Mario )


#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : Gadgets
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment