Powered by Blogger.

မျက်နှာပြင်အကျယ် ၆ လက်မနဲ့ 5020 mAh ဘက်ထရီပါဝင်တဲ့ Gionee Marathon M5 Plus



သင့်အနေနဲ့ ဒီဖုန်းကို ကိုင်မယ်ဆိုရင်တော့ ဘက်ထရီအားအတွက် စိတ်ပူစရာမလိုတော့ပါဘူး။ Gionee Marathon  M5 Plus ဖုန်းဟာ သတ္တုကိုယ်ထည်ဖုန်းတစ်လုံးဖြစ်ပြီး ကြာရှည်ခံလွန်းတဲ့ ဘက်ထရီကြောင့် ဖုန်းကို အချိန်ကြာကြာသုံးတတ်သူတွေအတွက်တော့ အဆင်ပြေစေမှာဖြစ်တယ်လို့ ဆိုပါတယ်။

Gionee ဟာ Gionee Marathon M5 Plus ကို မထုတ်လုပ်ခင်မှာ ဘက်ထရီပမာဏ 6020 mAh ပါဝင်တဲ့ Gionee Marathon M5 ဖုန်းကို ထုတ်လုပ်ခဲ့ဖူးပါတယ်။ finger print ဆန်ဆာလည်းပါဝင်လာပြီး ဖုန်းရဲ့ Home ခလုတ်မှာ တစ်ပါတည်းထည့်သွင်းထားတာဖြစ်ပါတယ်။

Gionee Marathon M5 Plus ရဲ့ မျက်နှာပြင်ကိုတော့ ၆ လက်မအကျယ်ပြုလုပ်ထားပြီး 2.5D Curved FHD AMOLED မျက်နှာပြင်ကို အသုံးပြုထားပါတယ်။ ပရော်ဆက်ဆာအနေနဲ့တော့ MediaTek octa-core ပရော်ဆက်ဆာကို အသုံးပြုထားပြီး RAM အနေနဲ့တော့ 3GB သိုလှောင်နိုင်မှုပမာဏအနေနဲ့တော့ 64GB အထိပါဝင်လာတာကိုတွေ့ရပါတယ်။

ကျောဘက်ကင်မရာ 13 MP နဲ့ ရှေ့ကင်မရာကတော့ 5 MP ရှိပါတယ်။ OS အနေနဲ့တော့ Android v5.1 (Lollipop) Amigo 3.1 OS ကို အသုံးပြုထားပြီး 4G LTE အင်တာနက်အထိ ထောက်ပံ့မှုပေးပါတယ်။ ဖုန်းကိုတော့ SD Card ထပ်စိုက်နိုင်ပြီး 128 GB အထိ လက်ခံပါတယ်။ ဈေးနှုန်းအနေနဲ့တော့ ဒေါ်လာ ၄၀၀ (မြန်မာငွေ လေးသိန်းခြောက်သောင်းဝန်းကျင်) ကျသင့်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : DailyMail

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment