Powered by Blogger.

Nokia က Android ဖုန်းပြန်လည်ထုတ်လုပ်ပြီး စမတ်ဖုန်းလောကထဲကိုပြန်ဝင်ရောက်မည်



Keypad ဖုန်းဘုရင်ဖြစ်ခဲ့တဲ့ Nokia ကတော့ စမတ်ဖုန်းတွေထွက်ပေါ်လာပြီးတဲ့နောက်ပိုင်းမှာ အတော်လေးကို နာမည်ကျသွားခဲ့ပါတယ်။

အဲ့နောက်မှာတော့ ၂၀၁၄ ခုနှစ်အရောက်မှာ နည်းပညာအင်အားကြီး ကုမ္ပဏီ Microsoft က ဝယ်ယူခဲ့ပါတယ်။ ဒါပေမယ့်လည်း Microsoft ကတော့ Nokia ကို အောင်မြင်အောင် ထိုးဖောက်မှုတွေ မပြုလုပ်နိုင်ခဲ့ဘဲ Windows စနစ်သုံးဖုန်းတွေကို ထုတ်လုပ်ခဲ့ပေမယ့်လည်း ထင်သလောက် အောင်မြင်မှုတွေမရရှိခဲ့ပါဘူး။

Microsoft ကတော့ အခုလိုအောင်မြင်မှုတွေ မရရှိခဲ့တာကြောင့် Microsoft ရဲ့ ဝန်ထမ်းဟောင်းတွေ စုစည်းထားတဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ HMD ကုမ္ပဏီကို ဒီဇိုင်းနဲ့ နာမည်အသုံးပြုခွင့်တွေကို ရောင်းချလိုက်ပြီး ဖုန်းထုတ်လုပ်တဲ့ နာမည်ကြီး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Foxconn ရဲ့ FIH ကုမ္ပဏီကိုတော့ စက်ရုံနဲ့ အလုပ်သမား အင်အား ၄၅၀၀ ကို လွဲပြောင်းရောင်းချလိုက်တာပါ။ ဒီလုပ်ငန်းကြီးတစ်ခုလုံးကိုတော့ တန်ကြေးဒေါ်လာ သန်း ၃၅၀ လောက်နဲ့ ရောင်းချလိုက်တယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။

အခုလို Microsoft က လက်ပြောင်းရောင်းချလိုက်တဲ့ ကုမ္ပဏီတွေဖြစ်တဲ့ HMD နဲ့ FIH ကုမ္ပဏီတို့ကတော့ Nokia ဖုန်းတွေကို စမတ်ဖုန်းလောကမှာ တစ်ဖန်ပြန်လည် ဦးမော့လာဖို့ရည်ရွယ်နေပြီး Android စနစ်သုံးဖုန်းနဲ့ တက်ဘလက်တွေကို ပြန်လည် ထုတ်လုပ်ရောင်းချသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် စမတ်ဖုန်းလောကထဲကို Nokia ဟာ မကြာခင်မှာ ပြန်လည်ဝင်ရောက်လာဖွယ်ရှိနေပြီး Nokia ရဲ့ အမာခံပရိသတ်တွေအတွက်တော့ သတင်းကောင်းတစ်ရပ်ပဲဖြစ်ပါတယ်။

( Beauty Syh )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : BGR

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment