Powered by Blogger.

Amazon ရဲ့ Echo စပီကာကို ယှဉ်ပြိုင်နိုင်ဖို့အတွက် Apple က Siri စပီကာ ထုတ်လုပ်ဖို့စီစဉ်


Apple ကတော့ သူတို့ရဲ့ ဈေးကွက်သစ်တစ်ခုကို ချဲ့ထွင်ဖို့ ကြိုးစားသွာအုံးမှာဖြစ်ပါတယ်။ iPhone တွေမှာ အသံနဲ့ ခိုင်းစေနိုင်တဲ့ Siri ကို ပြန်လည် ဆန်းသစ်တီထွင်မှုတွေ ပြုလုပ်သွားဖို့ စီစဉ်နေပါတယ်။ လူတစ်ယောက်လို ပြန်ပြောနိုင်တဲ့ Siri ဟာ မကြာခင်မှာ စပီကာတစ်ခုအသွင်နဲ့လည်း မြင်ရဖွယ်ရှိပါတယ်။ Amazon ရဲ့ အသံနဲ့ ခိုင်းစေနိုင်တဲ့ Echo စပီကာကို ယှဉ်ပြိုင်ဖို့အတွက် Apple က ဒီလို ပြုလုပ်ဖို့ စီစဉ်နေတာလည်း ဖြစ်နိုင်ပါတယ်။

Siri ကို အဆင့်မြှင့်တင်မှုတွေ ပြုလုပ်သွားမယ့် ငွေတွေကိုတော့ ဒီရဲ့ စပီကာ ပရောဂျက်မှာ ပြုလုပ်သွားဖွယ်ရှိနေပြီး Apple ရဲ့ Developer တွေကတော့ ဆွေးနွေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။ Amazon ကတော့ Alexa က ထောက်ပံ့ထားတဲ့ နည်းပညာနဲ့အတူ အသံနဲ့ ခိုင်းစေနိုင်တဲ့ စပီကာ လောကမှာ ဦးဆောင်လျက်ရှိနေတာပါ။ Alexa ကတော့ US ရဲ့ အင်္ဂလိပ်လေသံကိုသာ နားထောင်တတ်သေးတယ်လို့ သိရပါတယ်။

Google ကလည်း စပီကာလောကမှာ ဝင်ရောက်ထားခဲ့ပြီးဖြစ်ပြီး ပြီးခဲ့တဲ့တစ်ပတ်အတွင်းကမှ Google ရဲ့ Voice စနစ်ကို အသုံးပြုထားတဲ့ Google Home စပီကာကို ထုတ်လုပ်ထားခဲ့တာဖြစ်ပါတယ်။

Amazon ကတော့ သူ့ရဲ့ Echo စပီကာမှာ တစ်ခြား အက်ပလီကေးရှင်းတွေနဲ့ တွဲဖက်အသုံးပြုနိုင်အောင် ပြုလုပ်ထားပြီးဖြစ်တာကြောင့် အားသာချက်တွေတော့ရှိနေပါတယ်။ ဒါ့ကြောင့် Amazon ကတော့ စပီကာ နယ်ပယ်မှာ နည်းပညာပြိုင်ဘက်တွေ တိုးလာပြီဖြစ်တာကြောင့် စပီကာကို ထပ်မံအဆင့်မြှင့်တင်မှုတွေ ပြုလုပ်သွားဖွယ်ရှိနေပါတယ်။


( Paing A K )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : The Verge
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment