Powered by Blogger.

Twitter က Android ဗားရှင်းမှာ Night Mode ကို ထည့်သွင်းသွားဖွယ်ရှိနေ



ညအချိန်မှာ Interface ဒီဇိုင်းပြောင်းလဲသွားမယ့် Night Mode ကို Twitter က သူတို့ရဲ့ Android ဗားရှင်းမှာ ထည့်သွင်းသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ညဘက်မှာ စူးရှတဲ့ အရောင်တွေက မျက်လုံးကို ထိခိုက်မှုများစေတာကြောင့် အရောင်အေးအေးလေးတွေနဲ့ အစားထိုးဖို့အတွက် Twitter က မျှော်မှန်းလျက်ရှိနေတာပါ။

Apple ကတော့ အသုံးပြုသူတွေရဲ့ တောင်းဆိုမှုကြောင့် သူတို့ရဲ့ iOS မှာ Dark Mode ဆိုတဲ့ feature တစ်ခုကို ထည့်သွင်းပေးခဲ့ဖူးပါတယ်။ အသုံးပြုတဲ့သူ အတော်များများကတော့ ဒီ dark mode ကို အကြိုက်တွေ့ကြပေမယ့်လည်း Apple ကတော့ ဒီအတွက် Update ပြုလုပ်ပေးမှု တစ်စုံတစ်ရာ မရှိခဲ့ဘူးလို့ သိရပါတယ်။

Twitter ကတော့ Night Mode ကို ထည့်သွင်းဖို့အတွက် ဒီဇိုင်းများစွာကို လုပ်ဆောင်လျက်ရှိနေပြီး သုံးစွဲသူနဲ့ အဆင်ပြေနိုင်မယ့် ဒီဇိုင်းမျိုးကို ရွေးချယ်လျက်ရှိနေတယ်လို့ သိရပါတယ်။


ဒီလို လုပ်ဆောင်တာဟာ ဆိုရင်တော့ Twitter အသုံးပြုသူတွေ အကြိုက်တွေ့ဖွယ်ရှိနေပြီး မကြာခင်မှာ ကမ္ဘာအနှံ့က သုံးစွဲသူတွေဆီကို စတင်မိတ်ဆက်ပြီး ပျံ့နှံ့ရောက်ရှိသွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။



( Paing A K )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : The Verge

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment