Powered by Blogger.

Bike 2 က ချိန်းကြိုးမဲ့ လျှပ်စစ်စက်ဘီးကို ပြသ



Bike 2 ကုမ္ပဏီက ချိန်းကြိုးမပါဝင်တဲ့ လျှပ်စစ်စက်ဘီးတစ်မျိုးကို မိတ်ဆက်ပြသလိုက်ပြီး ဒီစက်ဘီးဟာ လာမယ့် စက်ဘီးမျိုးဆက်မှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနိုင်တဲ့ စက်ဘီးအမျိုးအစားတစ်မျိုး ဖြစ်လာနိုင်တယ်လို့ ကြေညာခဲ့ပါတယ်။

ဒီစက်ဘီးဟာ အားကုန်သွားတဲ့အခါမှာတော့ ကိုယ်တိုင်နင်းပြီး အားပြန်သွင်းသွားနိုင်မှာဖြစ်ပါတယ်။ ဒီလို စက်ဘီးကို ထုတ်လုပ်နိုင်လိုက်တာဟာဆိုရင်တော့ ကိုယ်တိုင်နင်းရလို့ ပင်ပန်းလာတဲ့အခါမှာ မော်တာနဲ့ သွားလာနိုင်မယ့် လျှပ်စစ်စက်ဘီးအသွင်ကို ပြောင်းလဲသွားနိုင်မှာပါ။

ဒီစက်ဘီးမှာတော့ ကိုယ်နင်းနေတဲ့အချိန်မှာ ပါဝါအားကို သုံးဆအထိပိုမိုထုတ်လွှတ်အားသွင်းနိုင်မယ့် ကူညီလုပ်ဆောင်ချက်လည်း ပါဝင်လာမှာဖြစ်ပြီး အရှိန်ပေးကို လိုက်ပြီး အလိုအလျောက်ချိန်ညှိပေးမယ့် ဂီယာတွေလည်း ပါဝင်လာမှာဖြစ်ပါတယ်။
ဒီစက်ဘီးဟာဆိုရင်တော့  ချိန်းကြိုးမဲ့ လျှပ်စစ်စက်ဘီးရဲ့ ရှေ့ပြေးနမူနာပုံစံသစ်ဖြစ်လာနိုင်ပြီး ဘက်ထရီကို ဖြုတ်ပြီးတော့လည်း အားပြန်သွင်းနိုင်တယ်လို့ သိရပါတယ်။


( Paing A K )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : The Verge


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment